(Ep 13)

2.1K 176 0
                                    

ဈာပနပွဲတွင် ဆူညံနေလျက်ရှိသည်။
ဈာပနပွဲကို စိတ်၀င်စားသူထက် အရှင်ကင်ကို စိတ်၀င်စားသူတေ ပိုများနေသည်။

အားလုံးရဲ့ မျက်လုံးတေက ထယ်ယောင်း နားကမခွာကြ။

"အရှင်ကင်ရဲ့ ဒီလို အဖိုးတန်လက်ဆောင်ကြောင့် ကျွန်မတို့ အရမ်း ၀မ်းမြောက်မိပါတယ်"

"ကျွန်တော်တို့ ကင်မိသားစုကလဲ ဆောင်းအိမ်တော်အတွက် တကယ် စိတ်မကောင်းဖြစ်မိပါတယ်"

ဂျောင်ဂု တစ်ယောက် ထယ်ယောင်း စီသို့ ဟန်ချက်မပျက် လျှောက်လာနေသည်။

"ပါးပါး"

"ပြန်လာပြီပဲ"

"ဟုတ် ဆောင်းအိမ်တော်ရဲ့ ပန်းချီကားတေက အရမ်းအဖိုးတန်ပြီးလှပလွန်းတာမို့ သမီး အာရုံကို ဖမ်းစားခဲ့ပါတယ်"

"သခင်မလေးစီက ဒီလိုကြားရတာ အရမ်းပျော်ရွှင်မိပါတယ်"

ရုတ်တစ်ရက် ရထားလုံးတစ်စီး ထိုးရပ်လိုက်တာကို ထယ်ယောင်း သတိထားမိတာမို့ တစ်ချက် မျက်လုံးကစားမိ တော့။

"ဂျွန်မိသားစု ရောက်ရှိပါပြီ"

ဂျွန်မိသားစု ဆိုတာနှင့် ဂျောင်ဂု ခန္ဓာကိုယ်တစ်ခုလုံးကို တုန်ရင်သွားစေသည်။ သို့သော် စိတ်ကို ဖြေလျော့လိုက်ပြီး တစ်ချက် လှမ်းကြည့်လိုက်တော့။

ပတ္တမြားလို နီရဲပြီး တောက်ပနေသော မျက်၀န်းတေ အနက်ရောင်ဆံနွယ်နဲ့ ရထားလုံးပေါ်က ဆင်းလာတဲ့ အရပ်ရှည်ရှည် ခပ်ချောချော ရုပ်ရည်နဲ့ ဒီလူက ဂျွန်မိသားစုရဲ့ ဂျွန်သခင်ကြီး ဖြစ်ရမယ်။ ဒီလူက ကျွန်တော့်ရဲ့ စိတ်ပျက်စရာ အဖေပေါ့။ အဟက် ဘယ်လောက်တောင် အကျည်းတန်လိုက်သလဲ။

ဂျောင်ဂု ထက် 1 နှစ်လောက် ပိုကြီးသည်ဟု ထင်ရသည့် ကောင်လေးတစ်ယောက် ထိုလူနောက်မှ ဆင်းလာတယ်။ အပြာရောင် တောက်ပနေတဲ့ မျက်၀န်း မီးခိုးရောင် ဆံနွယ်တေနဲ့ ‌ကြည့်ကောင်းတဲ့ ဒီကောင်လေးက ဂျွန်မိသားစုရဲ့ သခင်လေး ဂျွန်လီဆိုး ဆိုတဲ့ ငါ့ရဲ့ အဖေတူ အမေကွဲ အကိုကြီးလား။ စိတ်မကောင်းစရာပဲ တစ်နေ့မှာ မင်းကငါ့လက်ထဲမှာ သေရမှာတဲ့။

My Daddy Is My Husband (Complete)Where stories live. Discover now