(Ep 4)

4K 303 3
                                    

နှင်းဆီနီပန်းခင်း ထဲက
ကောင်လေးတစ်ယောက်။

အေးမြမြနဲ့ ကြည့်ရှုသူရင်ထဲ အေးမြပြီးစိတ်ကြည်လင်စေတဲ့ မြစိမ်းရောင်မျက်၀န်းတစ်စုံ။ ကြည်လင်ပြီး တောက်ပတဲ့အသားရည်နဲ့ မဲနက်သော ဆံနွယ်တေရှိတဲ့ ဒီကောင်လေး။

ဒီကလေး ငါ့အနားကို တစ်ဖြည်းဖြည်း နီးကပ်လာတယ်။ သာယာတဲ့ နှင်းဆီပန်းခင်းထဲမှာ ရှိနေတာ သူနဲ့ငါပဲတဲ့လား။ ဒီကလေးက ဘယ်သူလဲငါမသိ။

“ပါးပါး! ပါးပါး! သားက‌ ပါးပါးကိုအရမ်းချစ်တာ ပါးပါးသားကို လက်ထပ်မယ်မလား”

“.......”

မြင်ဘူးသမျှထဲမှာ တောက်တောက်ပပ ပြုံးနေတဲ့ ဒီကောင်လေး။ ဒီကလေးက  အရမ်း ဆွဲဆောင်မှုရှိတယ်။

“ပါးပါး ဒီနေရာက နှင်းဆီပန်းနီနီလေးတေက အခုလို နွေဦးရောက်လာရင် အရမ်းလှတာ အာ့ကြောင့် အချိန်တိုင်း နွေဦးရာသီဆို ကောင်းမှာပဲနော်”

“ငါ....”

တစ်ဖြည်းဖြည်း ‌ဒီနေရာကြီးက မှောင်မိုက်သွားတယ်။ ဘာလို့လဲ။

မျက်လုံးဖွင့်လိုက်တာနဲ့ ထယ်ယောင်း ဆံပင်‌ကို ကိုင်ပြီးဆော့နေတဲ့ ဂျောင်ဂုကိုတွေ့လိုက်ရတယ်။

မျက်လုံးဝိုင်း‌ဝိုင်းလေးနှင့် ပြုံးနေရင်း သူ့ပါးပါးဆံပင်တေကို ကိုင်ပြီး ဆော့နေတဲ့ ကလေးလေး ဂျောင်ဂု။

“ပါးပါး နိုးလာပြီ‌လား”

ဒီကလေးနဲ့တော့ ငါ့ဆံပင်တေကို ဆော့နေတာလား။ အဲ့အရူးလေး နဲ့တော့။

“အင်း! မင်းကိုယ်မင်း ဘာလုပ်နေတယ်ထင်လဲ ဂျောင်ဂု”

အေးစက်စက်လေသံနဲ့ ပြောလာတာကြောင့် ဂျောင်ဂုတစ်ယောက် လန့်ဖြန့်သွားသည်။

အိုက်ယိုး! ပါးပါးက သူ့ကိုယ်သူအထိမခံဘူးဆိုတာ ငါမေ့သွားတာပဲ။ ပြောတဲ့လေသံကြီးက ကြောက်စရာကြီး။
ပါးပါးမဆူလောက်မဲ့ အကြောင်းပြချက်ရှာစမ်း ကင်ဂျောင်ဂု။

တုံတုံယင်ယင်နဲ့ပြောနေ။

“အိပ်နေတဲ့ ပါးပါးက ဆံပင်တေက အရမ်းလှလို့ ပါးပါးရဲ့ဆံပင်နဲ့ ဆော့မိတာပါ”

My Daddy Is My Husband (Complete)Where stories live. Discover now