(Ep 25)

1.6K 136 0
                                    

ဂျွန်ဂျောင်ဂု.........။ ‌လွန်ခဲ့တဲ့နှစ်တေအတွင်း ဂျွန်ဂျောင်ဂု ကအပြစ်ကင်းပြီး ယုန်ပေါက်လေးလို ကလေးလေးပါ။

အဲ့နေ့ကစပြီး ဂျောင်ဂု ပြောင်းလဲသွားတယ်။ သန်မာပြီးဆွဲဆောင်မှုရှိတဲ့လူတစ်ယောက်အဖြစ်။ ပြီးတော့ သူကငါ့ကောင်လေးတဲ့လေ။

ငါ့ခေါင်းတေက ကိုက်ခဲနေတာပဲ။ ညာဉ့်နက်တဲ့ထိ မအိပ်လို့ထင်ပါရဲ့။

ဂျောင်ဂု ထယ်ယောင်း ကိုကြည့်မိရုံနဲ့ ထယ်ယောင်း နေမကောင်းဘူးဆိုတာ သိသာလောက်အောင် ဖြူဖျော့နေသည်။

ဖြူ‌ဖျော့ပြီး ပင်ပန်းနေသည့် ထယ်ယောင်း ကိုကြည့်လျှင် ဂျောင်ဂု အတွက်တော့ စိုးရိမ်စရာဖြစ်လာသည်။

"ဘာတေတွေးနေတာလဲ ပါးပါး?"

"ဟင့်အင်း ဒီ‌တိုင်းခေါင်းကိုက်လို့"

"ညဘက်တေနောက်ကျမှအိပ်တာကို"

ထယ်ယောင်း ကိုသာနောက်ကျမှ အိပ်လို့ပြောတာ သူက ထယ်ယောင်း ထက်တောင်နောက်ကျမှအိပ်ယာ၀င်တာ။

"......."

"ဒီကိုလာခဲ့"

ဂျောင်ဂု သူ့ရှေ့ကထိုင်ခုန်မှာ တမှိုင်မှိုင်နဲ့ ထိုင်နေသော ထယ်ယောင်း ကိုကောက်ပွေ့လိုက်တော့ "အင့်" ကနဲ‌ဂျောင်ဂု ရင်ခွင်ထဲပါသွားရတော့သည်။

ထယ်ယောင်း ကိုချီပြီး အိပ်ယာပေါ်သို့သာ ဦးတည်လိုက်သည်။ အိပ်ယာပေါ်သို့ ရောက်သွားသော်လည်း ထယ်‌ယောင်း ကိုမချပေးသေး။ သူ့ရင်ခွင်ထဲတွင် ပွေ့ထားလေသည်။

နွေးထွေးလွန်းသည့် သူ၏ရင်ခွင်။ အရင်တစ်ချိန်က ထယ်ယောင်း ရင်ခွင်မှာ ခိုလုံခဲ့ရသော ကလေးငယ်သည် ယခုသူခို‌လုံနေသော နွေးထွေးနေသော ရင်ခွင်တစ်ခုသာဖြစ်သည်။

"ဂျွန်း!"

"ဟုတ်ပါးပါး!"

"ဒီတိုင်းလေးပဲခဏလောက်.......
ဂျွန်း တစ်ခြားတစ်ယောက်ကို မချစ်ရဘူးနော် ဂျွန်း ကကိုယ့်ကိုပဲချစ်ရမယ်"

ထယ်ယောင်း ဘက်ကဒီလိုပြောလာတော့ ဂျောင်ဂု ၏ပါးပြင်များ နီမြန်းလာလေသည်။

"ထွက်မသွားနဲ့ ငါ့ဘ၀မှာဆုံးရှုံးရတာတေများနေပြီ မင်းကိုတော့ အဆုံးရှုံးမခံနိုင်ဘူးနော် ဂျွန်း"

My Daddy Is My Husband (Complete)Where stories live. Discover now