အပိုင်း ၁

75K 2.4K 26
                                    

(ဤဇာတ်လမ်းသည် ပြင်ပလောကတွင်အမှန်တကယ်မရှိနိုင်သော စိတ်ကူးယဥ်ဇာတ်လမ်းတစ်ပုဒ်သာဖြစ်ပါသည်)

Forever (part 1)

အချိန်အားဖြင့်.1995..December 30.ည၁၁နာရီ..၅၅မိနစ်ခန့်..

"အုဝဲ....အုဝဲ...အုဝဲ....''

ခွဲစိတ်ခန်းထဲမှ ကလေးငိုသံကြားတော့..ခွဲခန်းရှေ့မှာ စောက်တည်ရာမရဖြစ်နေသူရဲ့ အပြုအမူကအနည်းငယ်တည်ငြိမ်သွားပြီး..ခွဲခန်းထဲကအသံကိုနားစွင့်နေ​​​တုန်း..သူနာပြုလေးတစ်ယောက်က ခွဲခန်းထဲကနေအသံပြုလာသည်..

"ယောကျားလေးမွေးပါတယ်ရှင်...ကိုယ်လက်အဂ်ါစုံပြီး...ဖြူဖွေးသန့်နေရောပဲ''

ယောကျားလေးဆိုတဲ့အသံကြောင့်..ခွဲခန်းအပြင်ကသူရဲ့မျက်နှာမှာပီတိအပြုံးတွေဝေဆာနေပေမယ့်...ထိုအပြုံးတွေကခဏပင်...လက်နှစ်ဖက်ကိုယှက်သွယ်ကာ..ရသမျှဂါထာအစုံရွတ်ဖတ်ပူဇော်နေပြီး..သားလေးမေမေဘေးကင်းဖို့..ဆုတောင်းနေရသည်..မပြည့်စုံတဲ့ဘဝမှာ..ကိုယ်ဝန်ဆောင်ရသူမလို့...ဇနီးသည်ရဲ့ကျန်းမာရေးနဲ့..ကျန်ရှိနေသေးတဲ့..ကလေးလေးအတွက်..အတော်လေးစိုးရိမ်မိသည်....

"ဒေါင်...ဒေါင်..ဒေါင်...''

ည၁၂နာရီထိုးပြီ..ခုထိခွဲခန်းထဲကလူတွေထွက်မလာသေး..သူစိတ်ပူလှပြီ...အမွှာလေးနောက်တစ်ယောက်ကျန်သေးတယ်မလား....

၁၂နာရီ..၁မိနစ်...

"အုဝဲ....အုဝဲ....အုဝဲ''

"ဟင်းးးးးး''

နောက်ထပ်ရင်သွေးလေးငိုသံကြားမှ သက်ပျင်းချနိုင်တော့သည်...အမွှာမှန်ပေမယ့်..သာနဲ့သမီးရဲ့မွေးနေ့ရက်က မတူတော့...

သူနာပြုလေးနှစ်ယောက်က သားနဲ့သမီးကိုပွေ့ချီခေါ်လာပြီး..

"နောက်ထပ်အမွှာလေးက သမီးလေးပါရှင်..ကိုယ်လက်အဂ်ါစုံသလို..ဖြူဖွေးနေတာပဲရှင်...ဂုဏ်ယူပါတယ်..အမွှာလေးတို့ဖေဖေ..''

ကျွန်​ေတာ်သားနဲ့သမီးကိုအာရုံမစိုက်နိုင်သေး...

"ဆရာမ..အမျိုးသမီး...ကျွန်တော့အမျိုးသမီး..''

သူ့စကားကြောင့်..ဆရာမလေးနှစ်ယောက်ကမျက်နှာမကောင်း..

"စိတ်အေးအေးထားပါရှင်..လူနာကမမွေးခင်ကတည်းက..အားအရမ်းနည်းနေတာ..ဆရာဝန်ကြီးတွေအတတ်နိုင်ဆူံးကယ်တင်နေပါတယ်..အားတင်းထားပါရှင်..''

Forever.(Completed)Where stories live. Discover now