အပိုင်း ၁၄

16.1K 1.2K 40
                                    

Forever part (14)

"ဒီးး.......ဒီးး......ဒီးး....''
"ဒီးး........ဒီး......ဒီးး....''

မကိုင်မချင်းမြည်နေတဲ့ဖုန်းကြောင့်..ဖုန်းခေါ်ဆိုသူကိုကြည့်လိုက်တော့...ခေါ်ဆိုသူက..သားလတ်..အချိန်ကိုကြည့်လိုက်တော့..ည၁၁နာရီထိုးတော့မည်..သူ့ကိုဖုန်းခေါ်တယ်ဆိုတော့..သားက..အိမ်ပြန်မရောက်သေးဘူးလား....သားလတ်အတွက်စိတ်မကောင်းဖြစ်လွန်းလို့..သမီးအရင်းနဲ့မခြားပြုစုစောင့်ရှောက်ခဲ့တာတောင် မထောက်..သားလတ်အပေါ်လုပ်ရပ်လေခြင်း..

မစူးစမ်းမဆင်ခြင်ဘဲသားငယ်ကိုစွပ်စွဲမိတာတွေရော..သားကြီးသေဆုံးရတဲ့က်စ္စတွေအားလူံးပေါင်းသွားကာ..လူက မတ်တပ်ရပ်ဖို့တောင်အားမရှိတော့...ဆေးရုံကပြန်ရောက်တာနဲ့အခန်းထဲတန်းဝင်ခဲ့တာ...တစ်နေ့ထဲကိုကြုံလိုက်ရတဲ့ကိစ္စတွေ...မေသာရှိနေရင်..ဒီဒဏ်တွေခံနိုင်မယ်မထင်..ကိုယ်မင်းနောက်လိုက်လာချင်တယ်မေ..ဒါပေမယ့်..သားတွေက်ို ကိုယ်စိတ်မချနိုင်သေးဘူးကွာ.....အချိန်အတော်ကြာမြည်နေတဲ့ဖုန်းကိုကိုင်လိုက်တော့..ဖုန်းထဲကကြားလိုက်ရတဲ့..သားလတ်အသံက..သိပ်မဟန်။

"အဖေ.....''
"သား...အိမ်ပြန်ရောက်ပီလား..မရောက်သေးဘူးလား''

"ဟုတ်...သားပြန်လာတော့မှာအဖေ...သားတောင်းပန်ပါတယ်..အဖေ့က်ိုစိတ်ဒုက္ခတွေပေးမိလို့...ကိုကြီးကိုရင်ဖွင့်မိလို့..ကိုကြီးသေရတာ..သားကြောင့်..သားကိစ္စတွေသာကိုကြီးက်ိုမပြောခဲ့မိရင်..ကိုကြီးခုလောက်ထိခံစားသွားရမှာမဟုတ်ဘူးအဖေ..ကိုကြီးလည်း..ညီမလေးအပေါ်ဘယ်လိုသံယောစဥ်ထားခဲ့တယ်ဆိုတာကို..သားသိသိရက်နဲ့...သား...သားမိုက်တာ...အီးးးး..ချိန်းကိုလည်းမျက်နှာမပြရဲဘူး...ညီမလေးအပေါ်ကိုလည်း...အစ်က်ိုတစ်ယောက်ဖြစ်ပြီး...အီးးးး..သားကိုခွင့်လွှတ်ပေးပါလ်ို့တောင်...မတောင်းဆိုရဲပါဘူး အဖေ...အီးးးး''

"လူဆိုတာတစ်သက်မှာ..တစ်ခါတော့မှားဖူးကြတာပဲသား...နောက်ထပ်မမှားဖို့ပဲလိုတာ....ချစ်မိသွားလို့ဖြစ်သွားတဲ့အမှားလ်ို့ပဲအဖေယူဆတယ်...သမီးငယ်ကိုလည်း...မနစ်နာရအောင်..ဆေးရုံကဆင်းတာနဲ့..သားနဲ့ချက်ချင်းလက်ထပ်ပေးမယ်...သားကိုကြီးသေဆုံးမှူကလည်း..ဖြစ်ချိန်တန်လို့ဖြစ်တယ်ပဲတွေးလိုက်ငါ့သား..သူမှပြန်မရှင်လာနိုင်တော့တာ..ညီအစ်ကိုချင်းရင်ဖွင့်ရင်းမတော်တဆဖြစ်သွားတာပဲ..ဘယ်တတ်နိုင်မလဲ..ချိန်းလည်းသားကိုခွင့်လွှတ်ပီးသား..အဖေမွေးထားတဲ့အဖေ့သားတွေက..ညီအကိုချင်းဘယ်လောက်သံယောစဥ်ရှိကြလဲ..အဖေအသိဆုံး... အခုသားလုပ်ရမှာက..ယိန်းငယ်နဲ့လက်ထပ်ပြီး..သာယာတဲ့မိသားစုဘဝတည်ထောင်ဖ်ို့က်ိုပဲစဥ်းးစားထား..''

Forever.(Completed)Where stories live. Discover now