အပိုင်း ၅

18.5K 1.6K 175
                                    

Forever (part 5)

တအင့်အင့်ရှိုက်ငိုနေတဲ့ယိန်းငယ်နားမှာ အဖေရော..အမေရော..ကိုလတ်ရော..ဝိုင်းချော့နေကြတာမို့..သူကတော့ အပေါ်ဆုံးထပ်ကသူ့အခန်းရှိတဲ့ဆီတက်သွားလိုက်ပြီး..သူ့အခန်းကနေလှမ်းမြင်နေရတဲ့..ခုချိန်ထိမီးမပိတ်သေးတဲ့အခန်းငယ်လေးထဲက တစ်စုံတစ်ယောက်ကိုသာမမှိတ်မသုန်ရပ်ကြည့်နေခဲ့တာ အတော်ကြာပြီ..

(ညဥ့်နက်နေပြ်ီလေ..တိန်း...အိပ်ပါတော့..မနက်ကျ မင်းညီမလေးပြန်လာအောင်ငါပြောပေးမှာပါ..)

အစောက..တိန်းသူတို့အိမ်ရှေ့မှာ အကြာကြီးရပ်စောင့်နေတာသိပေမယ့်..အမေ့အမိန့်ကိုမလွန်ဆန်နိုင်လို့..တံခါးသွားမဖွင့်ပေးရဲ..တိန်းခြံရှေ့ကမပြန်မချင်း..သူစောင့်ကြည့်နေခဲ့တာ..တိန်းကို သူ့တီလေးပြန်လာခေါ်သွားတော့မှ သူလည်းအပေါ်ထပ်တက်လာခဲ့တာဖြစ်သည်..ငယ်ငယ်ကတည်းက အတူတူကြီးပြင်းလာကြပေမယ့်..တိန်းက ယိန်း ငယ်လိုမသွက်..အေးအေးဆေးဆေးနေတတ်ပြီးစကားနည်းသူဖြစ်တာကြောင့်..အဖေတို့အမေတို့နဲ့သိပ်မရင်းနှီးခဲ့..

ယိန်းငယ်က..မိန်းကလေးလည်းဖြစ် သွက်သွက်လက်လက်ရှိသလို..ချစ်စဖွယ်အမူအရာလေးတွေနဲ့..ချွဲနွဲ့တတ်တာကြောင့်..သမီးလိုချင်နေတဲ့အမေ့အတွက်..ကွက်တိ..

အဖေနဲ့အမေက ယိန်းငယ်ကိုတုန်နေအောင်ချစ်ကြသလို..ညီမလေးလိုချင်နေတဲ့သူတိူ့ညီအစ်ကိုတွေလဲချစ်ကြသည်..ကိုကြီးဆို လတိုင်း..လက်ဆောင်ပစ္စည်းတွေပို့ပေးတတ်သလို..ကိုလတ်ကဆို..ယိန်းငယ်ကို မျက်နှာတစ်ချက်မညှိုးစေရ..အဖေနဲ့အမေကတော့ပိုဆိုး...သူကတော့..အငယ်ဆုံးဖြစ်တာကြောင့်လား..သူ့ကိုပေးနေကြအချစ်တွေ ယိန်းငယ်ဆီရောက်သွားတာလို့ ထင်မိလို့လားမသိ..ယိန်းငယ်ကိုစိတ်ထဲသိပ်မတွေ့.ပေမယ့်..သူ့ကိုဆိုပိုပြီးတွယ်တာလွန်းတဲ့ယိန်းငယ်ကိုသူ့ညီမလေးအရင်းတစ်ယောက်လိုရော..မိဘမရှ်ိလို့..သူ့မိဘကိုတွယ်တာနေတဲ့ယိန်းငယ်ကို..သူသံယောစဥ်တော့ရှိပါသည်...

တိန်းကိုတော့ အမြဲ အားငယ်နေတဲ့မျက်နှာလေးနဲ့မို့..သနားသလို တကယ်ခင်တွယ်မိသည်..ဒါပေမယ့် တိန်းကသူ့လိုမဟုတ်..ငယ်ငယ်ကတရင်းတနှီးရှိခဲ့ကြပေမယ့်..အလယ်တန်းရောက်တော့တိန်းကတဖြေးဖြေးပြောင်းလဲသွားခဲ့သလို..သူ့အပေါ်အနည်းငယ်အေးစက်သွားသလိုတောင်ထင်ရသည်...

Forever.(Completed)Where stories live. Discover now