အပိုင်း၂

24.8K 1.7K 11
                                    

Forever (part 2)

"​ချိန်းရေ..ညီလေး...ရက်ချိန်း''

မင်းသွင်အိမ်တော်ရဲ့အငယ်ဆုံးသားလေး..ရက်ချိန်းမင်းသွင်မိုးလင်းကတည်းကရှာမတွေ့သောကြောင့်..အစ်ကိုနှစ်ယောက်လိုက်ရှာနေပေမယ့်..ခုထိရှာမတွေ့သေး..ဒီနေ့..သူတိူ့မိသားစုကို ပဲခူးမှာနေတဲ့အဘိုးကပြန်ခေါ်နေသောကြောင့်..တစ်မိသားစုလုံး..ပဲခူးသို့ပြောင်းရမည့်နေ့.ချိန်းတစ်ယောက် ပဲခူးကိုပြောင်းရမယ်လို့ အဖေပြောတဲ့နေ့ကတည်းက ဆန္ဒပြနေတာကြာပြီ..သူ့မူကြိုကသူငယ်ချင်းတွေနဲ့မခွဲနိုင်ဘူးဆိုပဲ...အဖေနဲ့အမေက ပစ္စည်းတွေကျန်မှာဆိုးလို့..အလုပ်သမားတွေကိုညွှန်ကြားနေရသောကြောင့်.သူတိူ့၃ယောက်ကိုအာရုံမစိုက်နိုင်သေး..

"ညီလတ်...ကိုကြီးအပေါ်ဆုံးထပ်ကိုသွားကြည့်လိုက်မယ်...ညီလတ်က အနောက်ဘက်ပန်းခြံက အိမ်လေးထဲသွားရှာ''

"ဟုတ်..ကိုကြီး''

ကိုကြီး..သူ့ညီငယ်ရှိနိုင်လောက်မယ်ထင်ရတဲ့..အပေါ်ဆုံးထပ် ထပ်ခိုး သို့တက်လာတော့..ထင်သည့်အတိုင်းပင်.. တွေ့ပါပြီ..Spidermanအရုပ်ပါတဲ့အဝါရောင်ဝမ်းဆက်လေးနဲ့..ထောင့်တစ်နေရာမှာ Ironmanအရုပ်ကိုပွေ့ထားပြီး ထိုင်နေတာ သူဝင်လာတော့ ခဏမော့ကြည့်ပြီးနှုတ်ခမ်းဆူကာ...တဖက်ကိုလှည့်သွားသေးတာ..သူစိတ်ကောက်နေတယ်ပေါ့..စိတ်ကောက်နေတဲ့ညီလေးရှေ့သွားကာ ထိုင်ချလိုက်ပြီး..ဘာမှမပြောသေးဘဲ..ထိုင်ကြည့်နေတော့..သူ့ဘက်ကိုခဏဆွေကြည့်ပြီး..နှုတ်ခမ်းကိုပို၍ဆူထော်ထားပြန်သည်..ရယ်ချင်ပေမယ့််ချိန်းကသူစိတ်ကောက်နေတုန်းရယ်ရင် အာပြဲကြီးနဲ့အော်ငိုတတ်တာကြောင့်..ရယ်ချင်ပေမယ့်မရယ်ရဲ..

"ချိန်း.ညီလေး..တကယ်ကိုကြီးတို့နဲ့မလိုက်ဘူးလား...တကယ်နေခဲ့မှာပေါ့''

". ......''

"ဒီအိမ်အကြီးကြီးမှာ ညီလေးတစ်ယောက်ထဲဘယ်လိုနေမလဲ..ထမင်းချက်ကျွေးမယ့်သူမရှိ..ရေချိုးပေးမယ့်သူမရှိ..အတူတူကစားပေးမယ့်သူလည်းမရှိ''

"ဇီဇီနဲ့ဂဂျားမာ''

အဲ..အသံတော့ထွက်လာပီ..

"ဇီဇီက ကစားပဲကစားပေးတတ်တာလေ..ညီလေးနဲ့တူတူလာအိပ်ပေးမှာလား..ထမင်းချက်ကျွေးမှာလား..ကိုကြီးလိုညီလေးအိမ်စာတွေကူရေးပေးမှာလား..မေမေ့လို ညအိပ်တိုင်းပုံပြင်ပြောပြတတ်လို့လား..ဖေဖေ့လို ပိတ်ရက်တိုင်း ကစားကွင်းလိုက်ပို့ပေးမှာတဲ့လား..''

Forever.(Completed)Where stories live. Discover now