အပိုင်း ၃

20.2K 1.5K 20
                                    

Forever (part 3)

"ဒေါက်...ဒေါက်...ဒေါက်....''

"တိန်းရေ..သားလေး...ညစာစားရအောင်လေ..ညီမလေးကိုခေါ်ခဲ့နော်..ထမင်းစားရအောင်..ဖွားလည်းထမင်းစားဖို့စောင့်နေတယ်..ဆင်းလာခဲ့ကြနော်..တိန်းတို့မလာမချင်း တီနဲ့ဖွားထမင်းမစားဘဲစောင့်နေမှာနော်''

သူမဘာပြောပြောအထဲကတုန့်ပြန်သံမကြား..တံခါးကိုလည်းlockချထားတာကြောင့်..ယိန်းလေးစိတ်ကောက်မ​ပြေသေးဘူးနဲတူပါရဲ့..တိန်းလေးကလည်းသူ့ညီမသဘောသည်သူ့သဘောပင်...ညနေကဟိုဘက်အိမ်ကိုသွားမကစားရသောကြောင့်..ယိန်းလေးစိတ်ကောက်နေခြင်း..သွားမကစားရဘူးလို့ ပြောလိုက်ကတည်းက ဧည့်ခန်းထဲမှာအာခေါင်ခြစ်အော်ငိုပြီး..ငိုလို့ဝမှ အိမ်ပေါ်တက်သွားပြီး..သူ့အခန်းထဲဝင်နေတာ..အခုည၇နာရီထိုးတဲ့ထိဆင်းမလာသေး..

တိန်းလေးကလည်း..သူ့ညီမ ငိုတော့သူပါတအိအိနဲ့လိုက်ငို..သူ့ညီမအပေါ်တက်သွားတော့သူလည်းလိုက်တက်သွားတာခုထိ...အခန်းထဲကဘာသံမှမကြားသောကြောင့်..သော့အပိုယူကာ..အခန်းထဲဝင်လာတော့..ကုတင်နှစ်လုံးထားပေးထားပေမယ့်..ကုတင်တစ်လူံးထဲပေါ်မှာမောင်နှမနှစ်ယောက်ပူးကပ်ပြီးအိပ်ပျော်နေကြတဲ့အပြင်..တိန်းလေးက သူ့ညီမက်ိုရင်ခွင်ထဲထည့်သိပ်ပေးထားရင်း..ကျောပြင်လေးပေါ်လက်တင်ပြီးပွေ့ဖက်ထားသေးတာ..

တိန်းလေးကဘာမှမပြောပေမယ့်..သူ့ညီမလေးငိုနေတာ..သူလည်းစိတ်ကောင်းမှာမဟုတ်..တူလေးနှစ်ယောက်က်ိုသနားလွန်းလို့..ရင်ဘတ်ထဲကအောင့်တက်လာတော့..မျက်ရည်ကအလိုလိုဝဲလာရသည်..

ကုတင်ဘေးက ခုံပုလေးမှာဝင်ထိုင်လိုက်ပြီး..ငိုပြီးအိပ်ပျော်သွားတဲ့သားနဲ့သမီးကိုကြည့်ပြီး..အသံတိတ်ငိုမိပြန်သည်..တိမ်ယံရယ်..ငါနင့်သားသမီးလေးတွေကိုသနားလွန်းလို့ဘယ်လိုလုပ်ရမလဲ..ဟိုဘက်အိမ်ကိုမလွှတ်ဘူးဆိုတာကလည်း..သူတို့လေးတွေနာကျင်ခံစားရမှာဆိုးလို့ပါဟယ်.....

အမှန်ဆိူ..ဒီ၅နှစ်သားလေးတွေက မိခင်ရင်ခွင်ထဲခိုဝင်ချွဲနွဲ့နေရမယ့်အရွယ်...ဒါပေမယ့်..သူမတို့သားအမိကိုစိတ်ဒုက္ခမပေးဘာမှမပူဆာပဲမောင်နှမလေးနှစ်ယောက်ထဲ..ပျော်ပျော်ရွှင်ရွှင်နေပေးနေတာမြင်နေရပေမယ့်....သူတိူ့လေးတွေက်ိုသနားမိလ်ို့..နေ့စဥ်နဲ့အမျှ တစိမ့်စိမ့်တွေးပြီးစိတ်မကောင်း..ရင်အုပ်မကွာစောင့်ရှောက်ပြီးအချိန်ပေးခြင်ပေမယ့်..စီးပွားရေး ကရှိသေးသည်။

Forever.(Completed)Where stories live. Discover now