အပိုင်း ၁၃

16.2K 1.2K 181
                                    

Forever part 13

အပ်ကျသံပင်ကြားရလောက်အောင်တိတ်ဆိတ်နေတဲ့ဧည့်ခန်းထဲဝယ်..ယောကျားသား၃ဦးရဲ့အာရုံက..တစ်ဦးတည်းသောမိန်းကလေးထံမှာသာ....ထိုအချိန်...ထိုမိန်းကလေးရဲ့မျက်ရည်ရွှဲ​နေတဲ့မျက်ဝန်းတွေနဲ့စိုက်ကြည့်ခြင်းခံရလာသူကမင်းသွင်အိမ်တော်ရဲ့အငယ်ဆုံးသားလေးရက်ချိန်းမင်းသွင်။

"ဟာ....မဟုတ်ဘူးနော်...အဖေ...မဟုတ်ဘူး..ယိန်းငယ်..နင်...ငါ့အကြောင်းနင်အသိဆုံးနော်...နင်မယုတ်မာနဲ့''

ချိန်းက..ပြာပြာသလဲရှင်းချက်ထုတ်နေသလောက်..အဖေကသူ့က်ိုကြည့်နေတဲ့အကြည့်တွေက..မင်းလုပ်ထားတဲ့ကိစ္စမင်းတာဝန်ယူဆိုတဲ့ပုံစံမျိုး...

"ရက်ချိန်းမင်းသွင်..မင်းယောကျားမဟုတ်ဘူးလား..ယောကျားမှန်ရင်..ကိုယ့်လုပ်ရပ်ကိုတာဝန်ယူရဲရတယ်ကွ''

အဖေကဘာမှသေသေချာချာမသိဘဲ..ထုံးစံအတ်ုင်းမိဘ ပါဝါပြတော့သည်..ယိန်းငယ်က သူဆိုတာနဲ့ပဲ..သူ့အပြစ်မရှိဘဲ..တာဝန်ယူပေးရမတဲ့လား..ဟွန်းးး..ဝေးသေး..ရက်ချိန်းမင်းသွင်တို့က လုပ်ရဲရင်ခံရဲတယ် ကိုယ်မကျူးလွန်ထားတဲ့ကိစ္စကိုလာပြီးလှည်းကျိုးထမ်းခိုင်းဖို့မစဥ်းစားနဲ့..

ကိုလတ်ကိုကြည့်လိုက်တော့လည်း...ခေါင်းငိုက်စိုက်ချထားကာ..ဘာမှဝင်မပြောလာ..သူသံသယဖြစ်တာအဲ့ဒါပဲ..ကိုလတ်စိတ်သဘောအရဆို..သူအရမ်းချစ်တဲ့ယိန်းငယ်ရဲ့ကိုယ်ဝန်ဟာ..ချိန်းကြောင့်သာမှန်ရင်..ကိုလတ်အခုလိုငြိမ်နေမှာမဟုတ်...သူနားလည်လိုက်ပြီ..ကိုလတ်ကိုယိန်းငယ်က အရမ်းနိုင်စားတာ..ကိုလတ်ကိုတစ်ခုခုတော့ခြိမ်းခြောက်ထားလောက်ပြီ..ဒါဆို..ကိုကြီးသေဆုံးတဲ့က်စ္စလည်း..ဒါနဲ့သက်ဆိုင်လောက်လား...။

"သူ့မှာဘာသက်သေရှိလဲမေးလိုက်အဖေ..သားနဲ့သူနဲ့ဘယ်တုန်းက အဲ့လ်ိုပတ်သတ်ခဲ့ဘူးလဲ..သက်သေနဲ့တကွပြောပြခိုင်း..ကျွန်တော်နွားမဟုတ်ဘူးဗျ...တောက်စ်...ဟေ့..ရူယျာယိန်း....နင်စောက်ရှက်မရှိရင်ပြောလိုက်စမ်းအခု..နင်နဲ့ငါဘယ်တုန်းက ဘာဖြစ်ခဲ့ဖူးလဲ..နင့်က်ိုငါ..တစ်ချက်ကလေးစိတ်ဝင်စားဟန်ပြခဲ့ဖူးလား..ဟမ်...နင်တော်တော်စောက်ရှက်မဲ့တာပဲ..မထင်ထားဘူး..နင့်ဟာနင်ဘယ်ကောင်နဲ့ရလာလဲမသိတဲ့ဟာက်ို...ငါ့က်ိုလွှဲချရလောက်တဲ့သတ္တိတွေ..နင်ဘယ်ကရလာတာလဲ..ဟမ်...ပြောစမ်းးး''

Forever.(Completed)Where stories live. Discover now