အပိုင်း ၃၂

17.7K 1.1K 23
                                    

Forever part (32)

'တစ်ယောက်တည်း နေချင်တယ်'

ကိုကို့ဆီက ဒီလိုစကားတစ်ခါမှမကြားဖူးခဲ့တာကြောင့် ရင်ထဲတော်တော်ဝမ်းနည်းပေမယ့်...ကိုကိုဖြစ်စေချင်သလိုပေါ့..အမြဲတမ်းကိုကိုကပဲချော့လာတာ...ဒီတစ်ခါတော့တိန်းက ကိုကိုစိတ်ဆိုးမပြေမချင်းပြန်ချော့ပါ့မယ်...အကြာကြီးတော့စိတ်မဆိုးပါနဲ့လားကိုကို...ကိုကိုမခေါ်မပြောရင်တိန်းမနေတတ်လို့..

ကိုကို့ကျောပြင်ကိုသိုင်းဖက်ထားတဲ့လက်တွေကိုဖယ်ချရင်း..

'အကြာကြီးမနေနဲ့နော်ကိုကို...အအေးပတ်မှာဆိုးလို့ပါ'

ကိုကို့ဆီကဘာအဖြေမှပြန်မလာတာကြောင့် တိန်းငယ်အခန်းထဲက ကုတင်ခြေရင်းမှာပဲထိုင်နေပြီး..ကိုကိုထွက်လာမယ့်အချိန်ကိုသာစောင့်နေလိုက်သည်...ထွက်လာခဲ့ပါတော့ကိုကို...တိန်းကိုကိုသိချင်တာတွေအကုန်ပြောပြတော့မှာပါ...ကိုကိုမုန်းမှာကြောက်လို့ လျှို့ဝှက်ချက်တွေကိုမြိုသိပ်ပြီးနေရတာတိန်းလည်းပင်ပန်းတယ်ကိုကိုရယ်....

ချိန်း..ရေစိုနေတဲ့အဝတ်တွေက်ိုလဲပြီး...ရေချိုးခန်းအပြင်ထွက်လာတော့..ဝရန်တာဘက်ကိုမျက်နှာမူပြီးကုတင်ခြေရင်းအစပ်နားမှာထိုင်နေတဲ့တိန်းငယ်...အစောကရေစိုသွားတဲ့အဝတ်တွေကိုအခုထိမလဲသေးတဲ့အပြင် ဆံပင်ရှည်ရှည်တွေကလည်းစိုရွှဲလို့....ဘီဒိုထဲက...pajamaတစ်စုံနဲ့...သဘက်ကြီးကြီးတထည်ယူကာ..တိန်းငယ်ရှေ့မှာရပ်ပြီး ဆံပင်ရှည်တွေက်ိုသုတ်ပေးတော့..မျက်ရည်တွေပြည့်နေတဲ့မျက်ဝန်းဝိုင်းဝိုင်းလေးနဲ့မော့ကြည့်လာသလို...ဝမ်းနည်းနေတာကြောင့်နှုတ်ခမ်းလေးကတုန်နေသေးတာ...ငိုဖို့အရှိန်ယူနေသူက ပါမစ်ကျလာသလိုမျိုး...သူ့ခါးကိုပွေ့ဖက်ကာ..ရင်ခွင်ထဲမျက်နှာအပ်ပြီး ကလေးတယောက်လိုငိုတော့..ကျောပြင်သေးသေးလေးက်ိုပြန်လည်ပွေ့ဖက်ပြီးနှစ်သိမ့်ပေးရပြန်သည်..။

'အီးးးးကိုကို......အီးးးးဟီးးး....'

'အင်းးး...ကိုကိုမကောင်းဘူးနော်...ကိုကို့ကလေးလေးကိုဝမ်းနည်းအောင်လုပ်မိပြန်ပြီကွာ...'

'အီးးးး...တောင်းပန်ပါတယ်... ကိုကို့ကို...အင့်.. အသိမပေးဘဲ.....အင့်...ကလေးယူမိလို့...အီးးးဟီးးးးးစိတ်မဆိုးပါနဲ့ကိုကို...တောင်းပန်ပါတယ်... ကိုကို...စိတ်ဆိုးရင်..မနေတတ်ဘူး..အရမ်းဝမ်းနည်းတယ်...အင့်..ဒီနားကလည်းနာတယ်....အီးးး''

Forever.(Completed)Where stories live. Discover now