အပိုင်း ၄

17.9K 1.4K 78
                                    

Forever (part 4)

ဒီနေ့..သားငယ်လေးတို့ဆီ၁၀ နာရီအရောက်သွားဖို့ရှိတာကြောင့်..ဆိုင်ရှိဝန်ထမ်းတွေမှာစရာရှိတာမှာနေတုန်း..စားသုံးသူတစ်ဦးပြသနာရှာလာသောကြောင့်​ဖြေရှင်းပေးနေရသည့်အပြင်..ကားလမ်းကြောတွေကပိတ်..သားငယ်လေးပြောထားတဲ့အချိန်ထက်အများကြီးနောက်ကျနေပီ..ကလေးတွေမျှော်နေကြတော့မှာ သိလေ.ကျောင်းကို.မြန်မြန်ရောက်ချင်လေပင်...သူမကျောင်းကိုရောက်သွားတော့..ကစားပွဲကပြီးလုနီး..ယိန်းငယ်နဲ့အတူ..ချိန်းမေမေက ဝင်ကစားပေးနေတာမလို့..တော်သေးသည်... သူမကိုတွေ့တာနဲ့ပြုံးရွှင်သွားတဲ့တူတော်မောင်လေးရဲ့ချစ်စဖွယ်အမူအရာကြောင့်..အမောတွေပြေရသည့်အပြင်...တူတော်မောင်နဲ့အတူကစားခွင့်ရလိုက်လို့တော်ပါသေး..မဟုတ်ရင်..သူမတစ်ပတ်လောက်စားဝင်အိပ်ပျော်မှာမဟုတ်...

ထ်ိုနေ့ကစ မနဒီကိုကျေးဇူးတင်စကားတွေအထပ်ထပ်ပြောရင်း...မနဒီတို့နှင့် မိဘတွေရော..သားသမီးတွေရောပိုပိုပြီးရင်းနှီးလာခဲ့သည်...နောက်ဆုံး..မနဒီက သားနဲ့သမီးကို ကျောင်းကားနဲ့မလိုက်စေတော့ဘဲ..သူတို့အိမ်က ကားနှင့်သာအသွားအပြန်လုပ်စေသည်..

သူ့သားငယ်လေးက ယိန်းငယ်တို့နဲ့ကျောင်းအတူတူသွားချင်သောကြောင့်..အခုလိုစီစဥ်လိုက်ရခြင်း...အားနာပေမယ့်လည်း..ကလေးတွေက တက်ကြွနေတော့လက်ခံပေးလိုက်ရသည်....မနဒီတို့နဲ့ရင်းနှီးသွားကတည်းက ယိန်းငယ်က အိမ်မှာနေတဲ့အချိန်တော်တော်လေးနည်းသွားခဲ့သည်..အရွယ်လေးတွေကလည်း...အလယ်တန်းအရွယ်ရောက်လာတော့..ယိန်းငယ်ကအရင်ကထက်ပိုလှ ပိုပြီးချစ်စရာကောင်းလာသည်...တခါတလေဆို..မနဒီနဲ့တောင်ညတူတူအိပ်သည်အထိ..သူတိူ့မိသားစုညအိပ်ညနေခရီးတိုထွက်ရင်တောင်ယိန်းငယ်ကိုခေါ်ခေါ်သွားတတ်သေးတာ..မထည့်ချင်ပေမယ့်..ယိန်းငယ်မပါရင်..သူတိူ့ခရီးစဥ်ကိုဖျက်မယ်ဆိုသောကြောင့်ပင်..

အခုဆို..ယိန်းငယ်ရဲ့မွေးနေ့ကိုသူမလုပ်ပေးစရာမလိုတော့..မနဒီက နှစ်တ်ိုင်းခမ်းခမ်းနားနားကျင်းပပေးသည်...ယိန်းငယ်အတွက်ဝမ်းသာစရာကိစ္စဆိုပေမယ့်..သားငယ်လေးအတွက်ကျစိတ်မကောင်းပြန်..မွေးနေ့မတူပေမယ့်..အတူတူကြီးပြင်းလာတဲ့အမွှာတွေမလား...သူစိမ်းက ငွေကုန်ခံ..အလုပ်ရှုပ်ခံပြီးလုပ်ပေးနေတော့လည်း..သူမမှာငြင်းရခက်..ထို့ကြောင့် သူမကသားငယ်လေးအားမငယ်ရအောင်..သူတို့ကျင်းပပေးသလိုခမ်းခမ်းနားနားမကျင်းပပေးနိုင်ပေမယ့် နှစ်တ်ိုင်းသားငယ်လေးကျေနပ်အောင်တော့.သူမနဲ့အမေက အမှတ်တရမွေးနေ့ပွဲလေးဖန်တီးပေးခဲ့ကြသည်....

Forever.(Completed)Where stories live. Discover now