အပိုင်း ၇

18.4K 1.5K 39
                                    

Forever (part 7)

DJတီးလုံးသံမြိုင်မြိုင်နဲ့..အလင်းရောင်မှိန်မှိန်ကြားထဲ..စိတ်လွတ်ကိုယ်လွတ်ကခုန်နေကြသူများ..ကိုယ်စီ..ကိုယ်စီ..သီးသန့်စားပွဲတွေမှာ..သောက်စားပျော်ပါးနေကြသူများရှိသလို..ထောင့်အကျဆုံးစားပွဲပေါ်မှာတော့..ယမကာပုလင်းတွေအပြည့်..စားသောက်စရာတွေအပြည့်..သို့ပေမယ့်..သောက်သုံးနေသူကတော့တစ်ဦးထဲ..

ဆိုဖာနောက်မှီပေါ်ခပ်လျောလျောမှီထ်ိုင်နေပြီး..ယမကာအပြည့်ထည့်ထားတဲ့ခွက်ကိုကိုင်ထားပြီး..မော့သောက်မည်အပြု..ရုတ်တရက်ဆွဲယူခြင်းခံလိုက်ရတာကြောင့်..ဆွဲယူသူကိုမော့ကြည့်လိုက်တော့..မျှော်နေတဲ့သူမဟုတ်တာကြောင့်..အနီးဆုံးမှာရှိနေတဲ့..ပုလင်းကိုဆွဲယူကာ...တဖက်လူကတားချိန်မရလောက်အောင်..အငမ်းမရသောက်သုံးနေတာကြောင့်..ထိုပုလင်းကိုအမြန်ဆွဲယူပြီးလွှတ်ပြစ်လိုက်​တော့..ဟက်ခနဲတချက်ရယ်ပြီးခေါင်းငိုက်စိုက်ကျကာ..ငြိမ်ကြသွားတဲ့..သူမ....

သူတို့ညီအစ်ကိုပြောတဲ့စကားတွေအကုန်ကြားသွားပုံပင်...တစ်ယောက်ထဲကြိတ်ခံစားပြီးလာသောနေတဲ့သူမကိုပွေ့ချီကာ..သူမတိုက်ခန်းဆီသို့ခေါ်လာခဲ့သည်...သူမက.လမ်းမလျှောက်နိုင်တော့သောကြောင့်..ကုန်းပိုးခေါ်လာပြီး.တိုက်ခန်းရောက်တော့..password နှိပ်နေတုန်းရှိသေး..

"ဝေါ့...ဝေါ့...''

သွားပြီ...သူ့တစ်ကိုယ်လုံးရစရာမရှိ..အန်ဖက်တွေက သူ့ကိုယ်ပေါ်အနှံ့အပြား..သူမကိုကုန်းပိုးထားလျှက်နှင့်ပင်..ရေချိုးခန်းထဲရောက်အောင်ခေါ်သွားသည်..သူမကိုဘေစင်ပေါ်ခဏထိုင်ခိုင်းထားပြီး...က်ိုယ့်အကျီတွေချွတ်နေတုန်း..နောက်နားဆီကနေ..သူ့ခါးကိုပွေ့ဖက်လာတဲ့..လက်ဖွေးဖွေးနုနုလေးတွေ...သူ့ကျောပြင်မှာလာအပ်တဲ့..မျက်နှာနုနုလေး...သူမခန္ဓာကိုယ်တစ်ခုလုံးက..ကိုယ့်နောက်ကျောနဲ့ ထိကပ်နေတာကြောင့်..အိစက်ထွေးအိနေတဲ့အထိအတွေ့တွေ...ခါးကိုပွေ့ဖက်ထားတဲ့လက်တွေက..တဖြေးဖြေးတင်းကြပ်လာသလို..သူ့ကျောပြင်ကိုတဖွဖွနမ်းလာတဲ့..နှုတ်ခမ်းတွေကြောင့်..မျက်နှာချင်းဆိုင်ဖြစ်အောင်ဆွဲယူလိုက်တော့..ရီဝေဝေမျက်ဝန်းတွေနဲ့ကြည့်လာတဲ့..မျက်ဝန်းညိုညိုလေး....

Forever.(Completed)Where stories live. Discover now