အပိုင်း၁၈

17K 1.1K 100
                                    

Forever part (18)

ချိန်းတစ်ညလုံးဟိုဘက်လှိမ့်လိုက် သည်ဘက်လှိမ့်လိုက်နဲ့တော်တော်နဲ့အိပ်မပျော်...တိန်းနဲ့တွေ့ဖို့အတွက်ရင်ခုန်ပြီးစိတ်လှုပ်ရှားနေတာကြောင့်ဖြစ်မည်..ဒီနေ့ကျမှ နာရီလက်တံတွေရွေ့လျားတာနှေးနေသလိုလို...အချိန်တွေရယ်မြန်မြန်ကုန်ပါတော့...သူ့အချစ်ဆုံး​လေးနဲ့တွေ့ချင်လှပြီ..သူပြောချင်တာတွေကိုလည်းပြောလိုက်ချင်ပြီး..တိန်းဘက်ကတုန့်ပြန်လာမည့်အဖြေက်ိုလည်းကြားချင်နေပြီ..ဖြစ်နိုင်ရင်တော့ အတူတူနေချင်ပြီကိုကို့ကလေးငယ်...

အတွေးလွန်နေရင်းနာရီကြည့်လိုက်တော့ တိန်းရောက်တော့မယ့်အချိန်ကတဖြေးဖြေးနီးကပ်လာတာကြောင့်ဆက်မအိပ်တော့ဘဲ..ရေထချိုးကာ..လေဆိပ်သို့ထွက်လာခဲ့သည်။ညတုန်းက ဇီရာက သူပါလိုက်မယ်ပြောပေမယ့် နှိုးရမှာအားနာတာကြောင့်တစ်ယောက်ထဲပဲထွက်လာတော့ အခန်းရှေ့မှာ အစ်ကို​​စေတခွန်နဲ့ဆုံလေသည်။

"..အစ်ကို...အထုတ်ကြီးနဲ့ ပြန်တော့မလို့လား''

"အကိုပြန်တော့မလို့ ချိန်း..ဟိုမှာအလုပ်ကိစ္စအရေးကြီးတယ်ဆိုလို့''.

"အာ...ဟုတ်..ဂရုစိုက်ပြန်ပါအကို..ကျွန်တော်လည်း..တိန်းကိုသွားကြိုမလို့လေ''

"ချစ်သူ​ေတွဆုံကြတော့မယ်ပေါ့..ဝမ်းသာတယ်ညီလေး..တန်ဖိုးရှိတဲ့အချိန်လေးတွေက်ိုအတူတူကုန်ဆူံးကြပါ..ဒီမှာစိတ်ကြိုက်နေလို့ရတယ်သိလား..အကိုလိုအပ်တာတွေအကုန်ဖြည့်ပေးထားခဲ့တယ်..ပြီးတော့ ချိန်းလိုအပ်တာရှိခဲ့ရင်လည်းအကို့ကိုပြော ''

"ဟုတ်ကဲ့အကို...ကျေးဇူးအများကြီးတင်ပါတယ် ...အကိုလေဆိပ်ဆင်းမှာမလား..ကျွန်တော်နဲ့ လိုက်ခဲ့လေ''

"အကို မလိုက်သေးဘူး ငါ့ညီ..ဝင်စရာရှိသေးလ်ို့. .'

"ဟုတ်အကို..ဒါဆိုကျွန်တော့်ကိုခွင့်ပြုပါအုံး''

"Ok. .''

ချိန်းထွက်သွားတဲ့ထ်ိ သူရပ်နေရာမှမရွှေ့မိသေး..တစ်ယောက်သောသူရဲ့အခန်းကိုပဲရပ်ကြည့်နေမိသည်။သူမနက်ပြန်မယ်လို့ပြောထားတာကြောင့် သူ့ကိုများနှုတ်ဆက်လေမလားမျှော်လင့်မိပေမယ့်...အခန်းထဲက လူသားလေးကနိုးမည့်ပုံတောင်မပေါ်..နာရီဝက်လောက်ကြာအောင်ထိစောင့်နေပေမယ့် ဘာမှမထူးလာ..နောက်ဆုံးတော့လက်လျှော့ပြီးသူထွက်လာခဲ့သည်။ကလေးဘက်ကမီးစိမ်းမပြမချင်း..သူဒီမြေက်ိုခြေချတော့မည်မဟုတ်။ချစ်တယ်အပုလေး...ဒါပေမယ့်ကို့အချစ်ကိုအလေးအနက်မထားရင် ကိုရှေ့ဆက်မတိုးပါဘူး။
..
..
..
..
..
..
လေယာဥ်ဆိုက်ဖို့တစ်နာရီလောက်လိုသေးတာသိပေမယ့် သူတမင်ကိုလာထိုင်စောင့်နေတာဖြစ်သည်။ နာရီလက်တံတွေတရွေ့ရွေ့ ရွေ့လျားသွားပြီးနောက်...သူမျှော်နေတဲ့သူလေးရောက်လာလေပြီ...တိုးဝှေ့နေတဲ့လူအုပ်တွေကြား သူ့တိန်းလေးက်ို အတင်းတ်ိုးတိုက်ရှာနေတုန်း...တွေ့ပါပြီ သူ့အသဲလေး...လည်ကပ်ဆွယ်တာ အဖြူ pantအဖြူနဲ့ ​ရေညှိစိမ်းရောင်long coatအရှည်ကြီးကိုထပ်ဝတ်ထားပြီး....ဆံနွယ်ညိိုညိုလေးတွေကနဖူးပေါ်အုပ်မိုးနေသေးတာ..သူ့ဘေးမှာခရီးသွားတွေအများကြီးသွားလာနေကြပေမယ့် သူမြင်တာ သူ့နတ်သားလေးတစ်ယောက်ထဲသာ...ချစ်စရာကောင်းလိုက်တာ တိန်းရာ...မျက်လုံးလေးကိုဟိုသည်ရွှေ့ကာ သူ့က်ိုရှာနေတဲ့ကလေးလေးကြောင့်..

Forever.(Completed)Where stories live. Discover now