အပိုင်း ၂၄

17.3K 1.2K 101
                                    

Forever part (24)

သမီးလေးပါလာတဲ့ကားလေးကအိမ်ရှေ့မှာ ငြိမ့်ငြိမ့်လေးရပ်လိုက်တာနဲ့..အဖေကအိမ်ထဲကနေအလျင်အမြန်ပြေးထွက်လာသည်...အိပ်ပျော်နေတဲ့သမီးကိုအဖေကပွေ့ချီပြီး..ပါးပြင်ဖောင်းဖောင်းလေးတွေက်ို တယုတယလေးနမ်းနေတာ..သမီးနိုးသွားမှာစိုးရိမ်နေပုံ..

"အဖေ့မြေးမလေးက ချောလိုက်တာ ငါ့သားရာ''

အဖေကထိုစကားကိုလည်း တိုးတ်ိုးလေးပြောနေတာ...အဖေ့ဝမ်းသာနေတာမြင်ရုံနဲ့တင် လူမိုက်လုပ်ခဲ့ရတာ တန်နေပြီ...သမီးပစ္စည်းတွေဘာမှမသယ်လာခဲ့ပေမယ်​့..တိန်းငယ်နဲ့သမီးကိုရှာတွေ့ပြီဆိုကတည်းက အခန်းကိုအသင့်ပြင်ထားပြီးသား...သမီးအတွက်လိုနေတာတစ်ခုထဲရယ်..တိန်းငယ်ပါလာမယ်အထင်နဲ့ နို့ဘူးတွေမဆောင်ထားမိခဲ့...ညီညီ့က်ိုသမီးအတွက်လိုအပ်တဲ့နို့ဘူးနဲ့နှို့မှူန့်..အကောင်းဆုံးထဲကဝယ်ပေးဖို့ခိုင်းလိုက်ပြီး..အိပ်ပျော်နေတဲ့သမီးကိုချီထားတဲ့အဖေနဲ့သူနဲ့ ကိုလတ်အခန်းထဲသို့ဝင်လာခဲ့သည်..ဒီအခန်းထဲဝင်လိုက်တိုင်း..စက်ပစ္စည်းအကူအညီနဲ့အသက်ရှူနေရတဲ့ကိုလတ်ကိုကြည့်ပြီး..သနားရသလ်ို..ကိုလတ်ကိုဒီလ်ိုဖြစ်အောင်လုပ်တဲ့ မိန်းမကို တစ်သက်မကျေ..အဖေကသမီးကိုပွေ့ချီထားတဲ့အတိုင်း ကုတင်ဘေးမှာထိုင်လိုက်ပြီး..ကိုလတ်ရဲ့လက်ဖဝါးကိုယူကာ..သမီးရဲ့လက်ဖဝါးနုနုလေးနဲ့ထိတွေ့စေသည်..။

"သားလတ်...ဒါသားရဲ့သမီးလေးလေ...သားအရမ်းလိုချင်ခဲ့တဲ့သားရဲ့သမီးလေး..အဖေ့မြေးမလေးက..အဖေတို့စီရောက်လာပြီသား...သားလတ်နိုးလာဖို့ပဲလိုတော့တယ်...နိုးလာပါတော့ငါ့သားရာ...သားရဲ့သမီးလေးက အတော်လေးချစ်စရာကောင်းတယ်ကွ..တလုံးတခဲကြီးကိုမှ ဖွေးဥနေတာပဲ..သားသာမြင်ရင် သမီးကိုတအားချစ်မှာ.အားလုံးအဆင်ပြေနေပြီ..ငါ့သားနိုးလာဖို့ပဲလိုတော့တာ..အဖေတို့ဆီကိုပြန်လာခဲ့နော်..ငါ့သား''

"အဲ့...အဲ့....''

"အဖေ...အပြင်ထွက်ရအောင်...သမီးနိုးတော့မယ်''

အဖေ့လက်ထဲကသမီးကိုချိန်းကပွေ့ချီလိုက်ပြီး..သမီးအတွက်ပြင်ထားတဲ့အခန်းကိုရောက်တော့..ပုခက်ပန်းရောင်လေးထဲထည့်လိုက်ပြီးခဏအကြာ..သမီးက လှုပ်လာပြီး..လက်ကလေးတွေက မျက်လုံးလေးတွေက်ိုပွတ်သတ်နေသလို..ခြေဖဝါးအချင်းချင်းကိုလည်းပွတ်နေတာကြောင့်..ချိန်းဘာလုပ်ရမလဲမသိ...။

Forever.(Completed)Where stories live. Discover now