အပိုင်း ၁၇

16.5K 1.2K 28
                                    

Forever part (17)

"တစ်ယောက်ထဲဖြစ်ပါ့မလားတိန်းငယ်ရယ်..တီစိတ်မချဘူး..ရှင်ဦးကိုလိုက်ပို့ခိုင်းပေးမယ်လေ''

ခရီးထွက်ဖို့အတွက်လိုအပ်တာတွေပြင်ဆင်ပေးရင်းတီက စိတ်မချကြောင်းတဖွဖွပြောနေတာကြောင့်..တိန်းငယ်ခရီးသွားဖ်ို့တောင်စိတ်ကမပါချင်တော့...ဟင်းးးး....ကိုကိုနဲ့တွေ့ဖို့သာမဟုတ်ရင်..သူဒီခရီးကိုလက်လျှော့ထားတာကြာပီ..ဇီဇီက သူအကပြိုင်ပွဲကိုတိန်းငယ်ကိုလာအားပေးပေးပါဆိုပီး..မုသားသုံးကာတီ့က်ိုပြောပေးလို့သာ သွားခွင့်ရတာ.. မဟုတ်ရင် သူ မပါဘဲ တိန်းငယ်ကိုဘယ်ကိုမှမလွှတ်..

"တီကလည်းဗျာ...သား ကလေးမဟုတ်​တော့ဘူးလေ..ဘွဲ့တောင်ရတော့မှာက်ို..ပီးတော့..သားက..ယောကျားလေးပါဗျ..မိန်းကလေးလည်းမဟုတ်''

"ဟဲ့..ခုခေတ်က..ယောကျားမိန်းမ မရွေးဘူးဟဲ့..ချောတာလှတာတွေဆို အန္တရယ်များလွန်းလို့..ငါ့တူလေးက နုနုဖက်ဖက်လေး..စိတ်မချဘူး..ရှင်ဦးက်ိုလိုက်မပို့ခိုင်းစေချင်ရင် တီလိုက်ခဲ့မယ်..''

အဲ့ဒါမှပြသနာ..တီလိုက်လို့မဖြစ်တာက်ို..တိန်းငယ်မျက်နှာက်ိုတအားပျက်ပစ်ကာ..
ကုတင်ပေါ်ခြေပြစ်လက်ပြစ် လှဲချလိုက်ပြီး...သက်ပျင်းကိုလဲ အကျယ်ကြီးချပြစ်လိုက်ကာ..ဘာမှမရှိတဲ့ceilingကြီးကိုပဲ အံကြိတ်ပြီးကြည့်နေတာကြောင့်..တီက မကြည်ကြည့်နဲ့လှမ်းကြည့်နေသာ မျက်ဝန်းထောင့်စွန်းကနေမြင်နေရသည်..။

ဒါပေသိ..ဒီကိစ္စကိုတော့..တိန်းငယ် တီ့က်ိုအလျှော့ပေးလို့မဖြစ်..ကိုကိုက LAကိုရောက်နေပြီလားတောင်မသိဘူး..ကိုကိုထွက်လာပြီလို့စာပို့ထားတာကြောင့်..သူတအားက်ိုသွားချင်နေပါပြီ..အရပ်စကားအရဆို သွားချင်လွန်းလို့ စပ်စလူးဓာတ်ပူးဖြစ်နေတာ..တီစိတ်ပူနေတာကိုနားလည်ပေမယ့်..ဒီတခေါက်တော့ တီ့က်ိုဆန့်ကျင်ပါရစေ..တီ...သားသွားရမှဖြစ်မှာ..မဟုတ်ရင် ရွာမှာ သားကကိုကို့ကိုလွမ်းတဲ့စိတ်နဲ့သေလိမ့်မယ်..

"ဟူးးးးးးး....သားမသွားတော့ဘူးဗျာ...အကျီတွေထည့်မနေနဲ့တော့...အလုပ်နဲ့အိမ်...အိမ်နဲ့အလုပ်ပဲ စက်ရုပ်တစ်ရုပ်လိုလုပ်နေတော့မယ်...ဘာခရီးမှလဲမထွက်တော့ဘူး..ဒေသန္တရဗဟုသုတဘာမှမရှိတဲ့ငပိန်းကြီး..ငနုံကြီးလ်ိုပဲနေတော့မယ်..ဘယ်က်ိုမှမသွားတော့ဘူး..''

Forever.(Completed)Where stories live. Discover now