အပိုင်း ၁၁

18.9K 1.3K 132
                                    

Forever (part 11)

ကောင်းကင်မှာပျံသန်းသွားတဲ့လေယာဥ်ကြီးကိုကြည့်ပြီး မျက်ရည်ဝဲနေတဲ့ တိန်းငယ်..ဇီဇီကတော့..သူ့ပခုံးတစ်ဖက်ကိုဆုပ်ညှစ်လာပြီး..အားပေးသလ်ို အကြည့်နဲ့ကြည့်လာပေမယ့်..သူ့ရင်ထဲခံစားနေရတာသူပဲနားလည်သည်လေ...

လေယာဥ်ကွင်းကပြန်လာပြီးနှစ်ယောက်သားကျောင်းရောက်သွားတော့..Uniရှေ့မှာစောင့်နေတဲ့..ဇီဇီ​့ရဲ့ဟိုလူ..ဇီဇီ့ကိုဆေးခန်းလိုက်ပြပေးဖ်ို့ထင်ပ...

"ဟာ..ခများကြီးကကျောင်းရှေ့လာစောင့်နေတာလား...ဖုန်းတော့မဆက်လိုက်ဘူး..''

"ကို အပုလေးဖုန်းကိုဆက်တယ်လေ..ဖုန်းမကိုင်လို့..ဘယ်လိုလဲ..ဒဏ်ရာတွေသက်သာပီလား''

"ဟင့်အင်းးးး...နည်းနည်းနာနေသေးတယ်..''

"ဒါဆိုသွားမယ်လေ..ကိုယ်က အခုချ်ိန်ပဲအားတာမလို့''

"Okလေ...တိန်းငယ်...ငါဆေးခန်းပြပြီးတာနဲ့...ပြန်လာခဲ့မယ်...မင်းတစ်ယောက်ထဲဖြစ်တယ်မလား..''

"အင်း..ဖြစ်တယ်လေ..သွား...''

"ရော့...ကားသော့မင်းယူထားလိုက်...ငါဘဲရီးကားနဲ့လိုက်သွားလိုက်မယ်...နေ့လည်စာအချိန်မီပြန်လာမယ်...ငါ့ကိုစောင့်နေနော်''

"ေအးပါ...သွားစရာရှိတာသွား...ဟို...အကိုစေတခွန်..ကျွန်တော့သူငယ်ချင်းကိုဂရုစိုက်ပေးပါအူံးဗျ''

"စိတ်ချပါ...ကဲ...အပုလေး...သွားရအောင်''

သူ့သူငယ်ချင်းချောချောလေးကိုစိတ်မချဖြစ်နေတဲ့ အပုလေးက လှည့်ကြည့်လှည့်ကြည့်နဲ့ သူ့ကားပေါ်ပါလာပေမယ့်..စိတ်ကကျောင်းမှာကျန်ခဲ့ပုံရသည်...ဟိုတစ်ယောက်ကလည်း..သူတိူ့ကားကိုမျက်စိတစ်ဆုံးလိုက်ကြည့်နေသေးတာ..​ကျောင်းထဲမြန်မြန်ဝင်ပါတော့..မဟုတ်ရင် အပုလေးလည်ပင်းကြီးလိမ်တော့မှာမလို့....

ဇီဇီထွက်သွားတော့မှ တိန်းငယ်ကားကိုကျောင်းထဲထိဆက်မောင်းလာပြီး..parkingထိုးနေတုန်း..

🎼Can I call you baby. .....🎼🎼

ခေါ်ဆိုသူက်ိုကြည့်လိုက်တော့..ညီမလေး..၇နှစ်လုံးမဆက်သွယ်ခဲ့ဘဲ..အခု.သူ့လိုဘရှိနေတော့..သူ့ဘက်ကပဲစပြီးဆက်သွယ်နေလိုက်တာ...သူစိမ်းမပြောနဲ့..သွေးရင်းတွေကတောင်သူ့က်ိုလိုတာရှိမှ... သူက...ယိန်းငယ်အတွက်တော့လိုသုံးတစ်ယောက်သာ....

Forever.(Completed)Where stories live. Discover now