အပိုင်း၉

17.7K 1.4K 20
                                    

Forever (part 9)

လသာဆောင်ဘက်ထွက်ပြီး..ကြယ်ရောင်စုံတွေနဲ့လှပနေတဲ့ကောင်းကင်ကြီးရဲ့အလှကို..ရှူစားနေရင်း..အတွေးတွေလေလွင့်နေတဲ့သူတစ်ယောက်။အနက်ရောင်Bodyfitရှပ်အကျီလက်တိုကို..stylepantအနက်ထဲထည့်ဝတ်ထား​တာကြောင့်..ကျစ်လစ်နေတဲ့ရင်အုပ်ကြီးကထင်းနေတာ...လက်တစ်ဖက်ထဲမှာဝိုင်ခွက်ကိုင်ထားပြီး..ကျန်လက်တစ်ဖက်ကဘောင်းဘီအိတ်ကပ်ထဲထည့်ထားတဲ့စတိုင်လ်က ....အင်းးးဘယ်လိုပြောရမလဲ..အများသူငါထင်နေသလိုမျိူး..လမ်းသရဲလိုပုံစံမျိုးမဟုတ်တော့ရန်ကုန်မြို့ကြီးရဲ့..အထင်ကရ နာမည်ကြီးဖြစ်တဲ့IDOL cafeပိုင်ရှင်..စေတခွန်.

IDOL cafeဆိုတာကသူ့အတွက်တော့..ပမွှားလေး..သူနဲ့ရင်းနှီးတဲ့အပေါင်းအသင်းတွေတောင်မှ သူ့ပိုင်ဆိုင်မှူဘယ်လောက်ရှိတယ်ဆိုတာ..မခန့်မှန်းနိုင်ကြ..သူတိူ့သိတာတော့...စေတခွန်ဆိုတဲ့လူမျိုးဟာ..ညီမထိဓားကြည့်ဆိုပေမယ့်...သူ့ညီမစိတ်ချမ်းသာဖို့သာသူ့အတွက်အဓိက..ထို့ကြောင့်ညီမလေးနဲ့တွဲသမျှလူတိုင်းသူမသိတဲ့သူမရှိသလို..ထိုသူတို့၏နောက်ကြောင်းရာဇဝင်ကိုလည်းစုံစမ်းထားပြီးသား...

ညီမလေးတွဲသမျှလူတိုင်းမှာ..သူမှတ်မှတ်ရရရှ်ိနေတာတစ်ယောက်ထဲ..အဲ့အချိန်ကစပြီး..သူ့ဖြစ်တည်မှူကဘာဆိုတာ..သိခဲ့ရတော့..ကိုယ့်ကိုယ်ကိုပင်အံ့သြလို့မဆုံး..သူ့အပေါင်းအသင်းတွေကြားရင်ယုံနိုင်ပါ့မလား..လောကကြီးမှာပထမဆုံးချစ်ရသူကမိဘတွေ..မိဘတွေမရှိတော့တဲ့နောက်မှာ..တစ်ဦးထဲသောညီမလေးက်ိုသာအချစ်တွေပုံပေးခဲ့တာ..ကိုယ့်ကိုယ်ကိုချစ်ဖို့တောင်မေ့နေတဲ့အထိ..ညီမလေးကလွဲရင်ထပ်ချစ်ရမယ့်သူမရှိနိုင်တော့ဘူးလို့ထင်ထားခဲ့တဲ့သူ့မှာ..မရည်ရွယ်ပါဘဲ..ညီမလေးရဲ့ချစ်သူကိုမှသဘောကျမိလေခြင်း..

ဘာကြောင့်သူ့က်ိုသတိထားမိသွားတာလဲ..ရိုးရိုးရှင်းရှင်းလေးပါ..ညီမလေးတွဲခဲ့တဲ့bfတွေထဲမှာသူကညီမလေးကိုစပြီးအဆက်ဖြတ်သွားတဲ့ပထမဆုံးသောbf...ကျန်တဲ့bfတွေက ညီမလေးညီးငွေ့သွားလို့ထားခဲ့တဲ့သူတွေသာ..ထိုကောင်လေးကတော့ထူးထူးဆန်းဆန်း..သူ့ရဲ့ချစ်ဖို့ကောင်းလွန်းတဲ့ညီမလေးကိုတစ်လသာတွဲပြီးထားခဲ့သတဲ့..အဲ့နေ့ကစပြီးသူ့က်ိုသတိထားမိသွားခဲ့တာ..

Forever.(Completed)Where stories live. Discover now