အပိုင်း ၃၃

16.7K 1.1K 23
                                    

Forever part (33)

''အီးးးး...မေ့...မေ့.....အီးးးး..ဟင့်...ဟင့်'

'အို့အို့...မေ့သမီးလေး...ငိုပါနဲ့ကွယ်......တိတ်ပါသမီးရယ်...'

'မယု...သမီးကိုရေပတ်တိုက်ပေးရအောင်..ရေနွေးဝတ်လေးယူခဲ့ပေးနော်'

သမီးအဝတ်တွေကိုမီးပူတိူက်ပေးနေတဲ့မယုက တိန်းငယ်စကားအတိုင်းတသွေမတိမ်း..မယုရှ်ိတာ..တိန်းငယ်တကယ်အားကိုးရသည်..

ပုခက်ထဲမှာငိုနေတဲ့သမီးကိုပွေ့ချီရင်း...နို့တိုက်ဖို့ပြင်ရသည်...သမီးက UK ကပြန်ရောက်ကတည်းက ခရီးပမ်းပြီးဖျားနေတာ ၂ရက်ရှိပြီ..ကလေးအထူးကုက နေ့တိိုင်းအိမ်ကိုလာပြီး စစ်ဆေးပေးနေတာကြောင့်...သမီးက အခြေအနေတအားမဆိုးပေမယ့်...နေလို့သိပ်မကောင်းလို့လားမသိ...တအားအီသည်.အချိန်ပြည့်နို့တောင်းနေပြီး..စို့နိုင်တာလဲမဟုတ်..ငုံထားပြီးဇိမ်ယူနေတာ....ဖြည့်စွက်စာတွေဘာမှကျွေးမရသလို..တိန်းငယ်လက်ကချလို့ကိုမရ..အိပ်ပျော်သွားလို့ပုခက်ထဲထည့်သိပ်လည်းခဏသာ...။

ကိုကိုက သမီးဖျားတဲ့၂ရက်လုံး..ကုမ္ပဏီ မသွားဘဲ သမီးအနားတနေကုန်နေပေးပေမယ့်..ဒီနေ့ကျ ကုမ္ပဏီ ကိုမသွားလို့မရတော့တာကြောင့်သွားရပေမယ့်..နာရီဝက်ခြားတစ်ခါဖုန်းဆက်နေတာ..တီ့ဆီလည်း ခုထိမသွားရသေး...ယိန်းငယ်က တိန်းတို့မရှိတုန်း လာသွားသည်လို့ ဖေဖေပြောတုန်းက သမီးလေးဟာတိန်းသမီးလေးဆိုတာသေချာသိထားရက်နဲ့ လန့်နေမိသေးတာ..မနက်ဖြန် သမီးလေးသက်သာရင်တော့...တီ့ဆီသွားမှဖြစ်မည်..ယိန်းငယ်နဲ့ထိပ်တိုက်တွေ့လာရင်..တီဝင်ရှင်းပေးမှ အဆင်ပြေမှာ...တယူသန်စိတ်ခေါင်းမာတဲ့စိတ်ရှိတဲ့ယိန်းငယ်က...သမီးကတိန်းသမီးလေးဆိုတာကိုလက်ခံမှာမဟုတ်....။

'အီးးး...ဖေ့...ဖေ့...'

နိူ့ဝသွားတော့ သူ့ဖေဖေကိုသတိရသွားလားမသိ..သမီးက အီပြန်သည်...အခန်းထဲပတ်လည်သူ့ဖေဖေကိုရှာရင်း ငိုနေတာကို မယုက မှတ်တမ်းတင်ထားသေးတာ..သမီးလေးက ဖျားပြီးအီနေတာတောင်ချစ်ဖို့ကောင်းလွန်းလို့ဆိုပဲ..တိန်းငယ်သမီးကိုချီရင်း လမ်းလျှောက်ကာ ချော့ရပြန်သည်....ကြာရင်သမီးစိတ်နဲ့...တိန်းငယ်ပါ ဖျားတော့မယ်ထင်

Forever.(Completed)Where stories live. Discover now