အပိုင်း ၈

18.3K 1.4K 113
                                    

Forever (part 8)

ဒေါက်...ဒေါက်...ဒေါက်  ..

"ယိန်းငယ်ညီမလေး..အဲ့လိုကြီးမနေပါနဲ့..ကိုလတ်တောင်းပန်ရုံနဲ့မလုံလောက်ဘူးဆိုတာကိုလတ် သိပါတယ်...ထွက်ခဲ့ပေးပါယိန်းငယ်ကြိုက်သလောက်ကိုလတ်ကို ရိုက်ပါ..စိတ်ကြိုက်ပြောဆိုပါကွာ..ကလေးကျေနပ်တဲ့ထိ..ကိုလတ်ကိုစိတ်ကြိုက်ထုရိုက်လိုက်ပါ..ကျေကျေနပ်နပ်ကြီး ခံပါ့မယ်ကွာ..အခုလိုကြီးဥပက္ခာမပြုထားပါနဲ့..ဘာမှမစားတာတနေကုန်သွားပြီလေ..တစ်ခုခုလေးတော့ထွက်စားပါ ကလေးရယ်..ကို တောင်းပန်ပါတယ်... ကို...ကိုကလေးကိုအရမ်းချစ်မိလို့..စိတ်တွေမထိန်းနိုင်တော့လို့ပါ..ထွက်ခဲ့ပါ..ကလေးရယ်နော်..ကလေးဖြစ်စေချင်သလ်ိုဖြစ်စေရပါမယ်...''

မနေ့ညက ကလေးနဲ့ မရည်ရွယ်ပါဘဲ အတူတူနေဖြစ်ခဲ့ပြီး..ကလေးမနက်နိုးလာရင် သူ့ကိုသောင်းကျန်းတော့မယ်ဆိုတာသိလို့..ကလေးနိုးလာမယ့်အချိန်အထိ ရင်တထိတ်ထိတ်နဲ့စောင့်ကြည့်နေပေမယ့်..ကလေးနိုးလာတော့..သူထင်သလိုမဟုတ်ခဲ့..ကလေးက သူ့ကိုတစ်ချက်ကလေးလှည့်မကြည့်ဘဲ..ပြောလာတဲ့စကားက အပြင်ထွက်သွားပေးပါတဲ့..

"ကလေး..ညကဖြစ်ခဲ့တဲ့ကိစ္စအတွက်..ကလေးကို ကိုလတ်တာဝန်ယူမှာနော်..''

". ..........''

ကလေးဘက်က answerမလာလို့..တစ်ယောက်ထဲနေပါစေဆိုပြီး..ကလေးစိတ်တိုင်းကျ အပြင်ထွက်ပေးလိုက်တော့..တံခါးlockချပြီး..အခုချိန်ထိထွက်မလာသေး..တနေကုန်ဘာမှလည်းမစား..ဘာမှလည်းပြောခွင့်မရ...ချိန်းကတော့ ဒါတွေသိမှာမဟုတ်..သူ့ရည်ရွယ်သူစီထွက်သွားပြီ..သူ့မှာသာ..ကလေးကိစ္စကိုဘယ်လိုရှင်းရမလဲမသိ..အဖေ့ကိုလည်းမပြောရဲ...မိုက်လိုက်တာဇေဦးမင်းသွင်ရာ...ဟူးးးးး..

သူလည်းခုချိန်ထိဘာမှစားမဝင်သေးသလို..ရေတောင်မချိုးရသေး...ညနေတောင်စောင်းနေပြီ...ကလေးထွက်လာမယ့် အခန်းပေါက်ဝကိုပဲတချိန်လုံးထိုင်ကြည့်နေတုန်း..အခန်းတံခါးဖွင့်ကာထွက်လာတဲ့ကလေးက ရေချိုးပြီးပြီထင်သည်...ညအိတ်ဝတ်စုံ အစိမ်းရောင်ဝမ်းဆက်လေးနဲ့...သူ့ကိုတချက်မကြည့်ဘဲ..ထမင်းစားခန်းထဲဝင်သွားပြီး..သူအဆင်သင့်လုပ်ပေးထားတာကို..ထိုင်စားနေသည်..တော်သေးတာပေါ့...ထမင်းထွက်စားလို့...။

Forever.(Completed)Where stories live. Discover now