အပိုင်း ၁၂

16.1K 1.2K 55
                                    

Forever (part 12)

"ကိုကို....''

ယိန်းငယ် အတတ်နိုင်ဆုံးပြုံးထားပြီးကိုကို့ကိုပြုံးပြနေပေမယ့်...ကိုကို့မျက်နှာအနေအထားက မကြာခင်မုန်တိုင်းလာတော့မည့်ဟန်...

"ကိုကို...ဘယ်တုန်းကပြန်ရောက်လဲ..အထဲဝင်လေ..''

သူ့ကိုဟန်လုပ်ပြုံးပြနေတဲ့ယိန်းငယ်မျက်နှာက်ိုကြည့်ပြီးချိန်း အော်ဂလီဆန်သလိုကြီးဖြစ်လာရသည်...တိန်းငယ်နဲ့ယိန်းငယ်က ရုပ်ချင်းခွဲမရအောင်တူတဲ့အမွှာတွေဖြစ်ပေမယ့်..တိန်းငယ်ကိုမြင်ရတာအေးချမ်းသလောက်ယိန်းငယ်ကိုမြင်ရတာ..တကယ်မနှစ်မြို့စရာ..သူ့စိတ်ကြောင့်လဲပါမှာပေါ့..ဘာပဲဖြစ်ဖြစ်ပြောစရာရှိတာတော့ပြောရမှာမလို့..အထဲဝင်မည်အပြု...

🎼Yow shown me I have reason I've should love myself🎼

"ဟယ်လို..မမကြီး..''

"အီးးး.ချိန်း...မောင်လေးရေ...မင်းအကိုကိုလာကြည့်ပါအုံးကွယ်..ခေါ်လို့မရတော့ဘူး..အင့်..ဟင်​့...မမကြီးလည်းဘာလုပ်ရမလဲမသိတော့ဘူး...အီးးး''

"ဟာ...မမကြီး..ကိုကြီး..ကိုကြီးဘာဖြစ်တာလဲ..အိမ်မှာလား..ကျွန်တော်အခုလာခဲ့မယ်..ဆေးရုံကိုဖုန်းဆက်ထားနော်''

ဖုန်းပြောနေရင်း..ပြန်လှည့်ထွက်ဖို့ပြင်နေသူကြောင်​့..ယိန်းငယ်ကိုကို့လက်ကိုဆွဲထားကာ..

"ကိုက်ို...ကိုကြီးဘာဖြစ်လို့လဲဟင်''

"ရုတ်တရက်လဲကျသွားလို့တဲ့..မင်းနဲ့နောက်မှစာရင်းရှင်းမယ်''

"ဟင်...ကိုကို...ခဏနေပါအုံး..မီးလဲလိုက်မယ်လေ..ခဏ..ခဏလေးနော်''

သူပြန်ဖြေတာကိုမစောင့်ဘဲအိမ်ထဲပြန်ဝင်သွားသူက်ို.. ချိနိးစောင့်မနေနိုင်...ကိုကြီးရှိတဲ့နေရာကိုသာအပြေးသွားမိပေမယ့်...ကိုကြီးအသက်ကိုမမီလိုက်တော့....မမကြီးပြောတာတော့...ဖုန်းပြောနေရင်းလဲကျသွားတာ..ဘာတွေထိတ်လန့်စရာဖြစ်သွားလဲမသ်ိ..နှလုံးရပ်သွားပြီးနောက်..ပြန်နိုးမလာခဲ့တော့...ကိုကြီးကနှလုံးရောဂါက်ိုအမေ့ဆီက အမွေယူထားသလိုပင်..အမြဲဂရုစိုက်နေရတာ..

ကိုကြီးဖုန်းကိုဖွင့်ကာ..နောက်ဆုံးခေါ်ဆိုထားသူကိုကြည့်လိုက်တော့...ကိုလတ်ဖြစ်နေသည်..နာရေးမလို့..ပြသနာတွေထပ်မတက်ချင်သောကြောင့်..ကိစ္စတွေအကုန်ပြီးမှ မေးစရာရှိတာကိုမေးရမည်ဖြစ်သည်...အဖေကတော​့..ကိုကြီးသတင်းကြားပြီးကတည်းက အိပ်ယာထဲလဲသွားလိုက်တာ..အခုတစ်ပတ်ကြာပြီပြန်မထနိုင်သေး..ကိုလတ်ကလည်း...သူ့က်ိုတွေ့တိုင်း..ရှောင်ဖယ်ရှောင်ဖယ်ဖြစ်နေတာ..ကိုလတ်နဲ့ကိုကြီးကြားမှာ..တစ်ခုခုဖြစ်ခဲ့တာတော့သေချာသလောက်ပင်....

Forever.(Completed)Where stories live. Discover now