Part-1💢

9.2K 468 49
                                    

Unicode;

ဒီနေ့ဟာ တနင်္ဂနွေနေ့ဖြစ်‌တာကြောင့် Seokjin တို့မိသားစုရဲ့အားလပ်ရပ်နေ့လေးဆိုလည်းမမှား‌ပေ~

Seokjinရဲ့ကော်ဖီဆိုင်လေးကလည်း အပတ်တိုင်း Sunday ဆိုပိတ်သလို Daddy ရဲ့ Company ကလည်း တနင်္ဂနွေနေ့တိုင်း ပိတ်ရက်ဖြစ်သည်~

သူတို့မိသားစုလေးဟာအလွန်ပျော်ဖို့ကောင်းလှသည်~အိုမားကိုချစ်ကြောင်းသိပ်ပြောတတ်တဲ့ Appa ကြောင့် မရိုးနိုင်ဘဲ အရှက်သည်းနေတဲ့ Omma ကလည်း ကျွန်တော်နဲ့ Appaရဲ့ကမ္ဘာငယ်မှာအလှပဆုံးအမျိုးသမီး...

အခုလည်းမိဘမဲ့ဂေဟာတစ်ခုမှာ သူတို့မိသားစုသုံးယောက် အလှူလုပ်ပြီး အိမ်သို့ပြန်လာခြင်းပင်~

တီ!!!

ကျယ်လောက်သော ဟွန်းတီးသံနှင့်အတူ ကားဘရိတ်အုပ်လိုက်တဲ့ အရှိန်ကြောင့် ဆော့ဂျင်အရှေ့က စီယာတိုင်ကိုသူ့ရဲ့ဦး‌ခေါင်းနှင့်မိတ်ဆက်သွားခဲ့သည်~

နောက်ခန်းမှာထိုင်နေတဲ့ ဖခင်ဖြစ်သူနဲ့ မိခင်ဖြစ်သူ‌ကို ဆော့ဂျင်စိုးရိမ်တကြီးမေးလိုက်သည်~

Seokjin;"Appa,Omma အဆင်ပြေလား?"

Mr Kim;“Appa ကအဆင်ပြေတယ်
Jargi ရောအဆင်ပြေလား..?”

Mrs Kim;“ပြေတယ် Yeobo..”

ထို့နောက် ဘေးကကားမှန်တံခါးကိုလာရောက်ခေါက်နေတဲ့ လက်တစ်စုံ~
မျက်နှာကိုတစ်ချက်အကဲခတ်လိုက်တော့ စိတ်မရှည်တဲ့ဟန်ဖြင့်~

Seokjin;“Appa တို့ဆင်းမလာကြနဲ့ ကျွန်တော်အဆင်ပြေမပြေတစ်ချက်သွားကြည့်လိုက်မယ်"

Seokjin လည်းအလျင်အမြန်ပင် ကားပေါ်ကဆင်းလိုက်လိုက်သည်~ခုနကသူ့ကားနှင့် တိုက်မိမလိုဖြစ်တဲ့ ဆိုင်ကယ်နှင့်ကောင်လေးက သူ့ကားနဲ့ခပ်လှမ်းလှမ်းမှာ ရပ်နေတာမို့ Seokjin ထိုကောင်လေးနားသွားလိုက်သည်~ဒီအတိုင်းထားခဲ့လည်းရပေမယ့် သူအဆင်ပြေမပြေသွားမေးကြည့်ချင်သည်…

ကြည့်လိုက်တာနဲ့ကို သူ့ထက်ငယ်မှာသေချာ‌တာကြောင့် Seokjin ကောင်လေးဟူ၍သာခေါ်လိုက်သည်~

“ကောင်လေးအဆင်ပြေလား?”

သူပြောနေတဲ့စကားကိုကြားသလိုလုပ်ပြီး မျက်မှောင်ကြုံ့နှုတ်ခမ်းပါးပေါ်က Cigarettes ကိုမီးညှိနေလေသည်..လူကြီးပြောနေတာကိုမခန့်လေးစားနှင့်~

Opposite Love 🔄(Complete)Where stories live. Discover now