Part-7💢

3K 365 22
                                    

Unicode;

Seokjin နောက်ဆုံးတော့ GPS ကညွှန်ပြတဲ့အတိုင်း မောင်းနှင်လာခဲ့တဲ့ကားလေးဟာ  ကွန်ဒိုတစ်ခု‌ရှေ့ကိုရောက်နေခဲ့သည်~

ဂိတ်ရုံထဲမှာ ထိုင်နေတဲ့ ဒီကွန်ဒိုရဲ့တာဝန်ရှိဖြစ်ပုံရတဲ့ဦးလေးကြီးတစ်‌ယောက်ကိုတွေ့တာကြောင့် Seokjin အားရဝမ်းသာဖြင့် ကားပေါ်ကဆင်း၍ ထိုဦးလူကြီးဆီကိုပြေးထွက်လာခဲ့သည်~

Seokjin;"ဦးလေးကြီး ကျွန်တော်တစ်ခုလောက်မေးချင်လို့ပါ"

"ဘာများလဲ သားလေး"

Seokjin;"ဒီ ကွန်ဒိုတိုက်ခန်းမှာလေ Jungkook ဆိုတဲ့နာမည်နဲ့နေတဲ့သူရှိလား~

Seokjin တိုက်ခန်းတွေအလွန်များလွန်းတာကြောင့် တစ်ခန်းဝင်တစ်ခန်းထွက် Jungkook ရှိလားလိုက်မေးဖို့ကလည်းဘယ်နည်းနဲ့မှမဖြစ်နိုင်ပေ~

ဦးလေးကြီးကလည်း တစ်ချက်စဉ်းစားနေမိပြီး သူ့ကိုပြန်ပြောလာခဲ့သည်~

"ဒီမှာနေတဲ့သူများတော့ ဦးလေးကြီးလည်းမသိဘူးဖြစ်နေတယ် ပုံပန်းသဏ္ဍာန်ကိုပြောကြည့်ပါလား"

Seokjin;"သူကဆိုင်ကယ်အကြီးကြီးနဲ့အမြဲသွားလာတတ်တယ် အရပ်အမြင့်ကတော့ကကျွန်တော့်လောက်ပဲ~အသက်ကတော့ကျွန်တော့်ထက်ငယ်တယ်...
အသားဖြူဖြူနဲ့ Tattoo လည်းထိုးထားတယ်လေ "

"ဒီပုံစံဆို ခွေးလေးတွေကို ခွေးစာကျွေးတဲ့လူငယ်လေးကိုပြောတာဖြစ်မယ်"

Seokjin;"ခွေးလေးတွေကိုအစာကျွေးတယ်လားသူက"

"ဟုတ်တယ်သားရဲ့ အဲ့ဒီ့လူငယ်လေးက ဂျစ်ကန်ကန်ပုံပေါက်ပေမယ့် စိတ်နှလုံးသားလေးကတော့နူးညံ့တယ်လို့‌ ပြောမယ်~လမ်းဘေးမှာအိမ်ခြေမဲ့နေတဲ့ ခွေးလေးတွေကို သူကမနက်တစ်ခါညနေတစ်ခါ အစာတွေလိုက်ကျွေးတတ်တယ်‌လေ တချို့ခွေးလေးတွေနေမကောင်းဖြစ်နေတာတို့ဆိုလည်း သူ့မှာပြာပြာသလဲလဲနဲ့ဆေးခန်းကိုခေါ်သွားတာ...ခွေးလေးတွေမှမဟုတ်ပါဘူး တခြားသတ္တဝါလေးတွေကိုလည်း ဒီလူငယ်‌‌လေးကအရမ်းကြင်နာတာ.သားရဲ့"ဦးလေးတောင် နောက်မို့ဆိုသိပါဘူး ကိုယ်တိုင်မြင်တွေ့တော့မှသာဒီလူငယ်လေးရဲ့စိတ်လေးကိုသိခွင့်ခဲ့တာ အစကဒီလူငယ်ကိုဂျစ်ကန်ကန်လေးလို့ပဲထင်နေခဲ့တာ.. ‌
သားပြောသလိုပဲအဲ့လူငယ်လေးပဲဖြစ်မယ် သူလည်းဆိုင်ကယ်ကြီးကြီးတစ်စီးနဲ့သွားလာတတ်တယ် ဒီတိုက်ခန်းတွေမှာ ဆိုင်ကယ်ခပ်ကြီးကြီးစီးတာအဲ့လူငယ်လေးပဲရှိတာလေ"

Opposite Love 🔄(Complete)Where stories live. Discover now