Unicode;
"အဟမ်း...လက်ကိုလွှတ်အုံးဗျ.!"
သူအသံထွက်ပြီးပြောတော့မှ သူ့ရှေ့က Suit အပြည့်နဲ့လူက သူ့ရဲ့လက်ကိုမလွှတ်ချင်လွှတ်ချင်မျက်နှာဘေးဖြင့် လွှတ်ပေးလာတော့သည်…
ခန့်ညားတည်ကြည်သောအသွင်အပြင်အယောင်နှင့် လူကြီးလူကောင်းဆန်ဆန် ဝတ်စားဆင်ယင်ထားတဲ့ထိုလူ့မျက်နှာမှာ ဝတ်ထားစားထားတာနဲ့ကိုမလိုက်ဖက်စွာဖြင့် ပြောင်စပ်စပ်မျက်နှာထားကလည်းကပ်ညှိနေသည်..တည်တည်ကြည်ကြည်သာနေရင် သူ့ကလေးလေးမှသူ့ကလေးလေး.. သူခွဲမရဖြစ်နေမှာအသေအချာပင်~အခုတောင်သူ့မှာအမှားမှားအယွင်းယွင်းဖြစ်နေခဲ့တာမဟုတ်လား~
မဟုတ်မှလွဲရောအမြွှာတွေများလား...?
ဆော့ဂျင် သူ့ရှေ့ကလူကိုသေချာအကဲဂတ်နေမိချိန် ထိုလူက မျက်နှာပြောင်ရုံတင်မဟုတ်ဘဲ သူ့ကိုသွားအကုန်ဖော်ပြပြီး ခဏခဏကိုလည်းရယ်ပြနေပြန်သေးသည်…
လူကို စ စရာနောက်စရာများမှတ်နေလားမသိဘူးလူကိုဘာမှတ်နေလည်းမသိဘူး..လာတောင်ပြောင်နေသေးတယ်~"ရုပ်ကိုကပြောင်စပ်စပ်နဲ့!"
Seokjin ကလေးဆိုးလေးမျက်နှာနဲ့တူတဲ့လူ့ရဲ့ပခုံးကိုတမင်သက်သက်ဝင်တိုက်လာပြီး Omma လက်ကိုတွဲကာ အိမ်ရှေ့မှအထဲသို့ဝင်လာခဲ့သည်~
Mrs Kim;"သားလေး Mr Jeon ကိုကောင်းကောင်းဆက်ဆံနော်. ..ကိုယ်အိမ်လာတဲ့ဧည့်သည်ကို ကောင်းကောင်းမွန်မွန် ဧည့်ခံရမယ်လို့ Omma ပြောဖူးတယ်မလား.. ကိုယ့်အိမ်တစ်ခါတစ်လေလာတာ စိတ်ချမ်းသာအောင်ထားရမယ်လေ သားရယ်…ဒါမှတစ်ဖက်ကဧည့်သည်ကလည်းအားမနာတော့မှာပေါ့."
"ဟုတ်ကဲ့..."
Mrs Kim;"လိမ္မာလိုက်တဲ့..အိုမားရဲ့သားလေး"
Seokjin တို့သားအမိနှစ်ယောက် ဧည့်ခန်းဆီပြန်သွားလိုက်သည် Seokjinနောက်ကိုတစ်ချက်လှည့်ကြည့်လိုက်တော့ မျက်ခုံးတစ်ဖက်ကိုပင့်ပင့်ပြ၍ သူ့ကိုပြောင်စပ်စပ်လုပ်ပြနေပြန်သည်~
Mr Kim;သားလေးနဲ့ ဒီက Mr Jeon ကသိနေကြတာလား…
"သားလူမှားသွားတာ Appa.."
![](https://img.wattpad.com/cover/301941159-288-k839468.jpg)
YOU ARE READING
Opposite Love 🔄(Complete)
Fanfictionကျုပ်ဘဝကမကြီးကျယ်ပေမယ့် ကျုပ်အချစ်ကတော့ကြီးကျယ်ခမ်းနားတယ်..~