Unicode;
Seokjin လည်းသူ့ကိုပြုံးပြနေတဲ့ Mr Jeon ကိုပြန်လည်ပြုံးပြကာ သူ့အနားကိုပြန်လည်လျှောက်လာလိုက်သည်…
တူတယ်…ထိုလူဟာသူသိပ်ချစ်ရတဲ့လူနဲ့ခွဲမရအောင်တူလွန်းတယ်~
"သူငယ်ချင်းနဲ့ဖုန်းပြောလို့ပြီးသွားပြီလား..!"
Seokjin;"သူငယ်ချင်းမဟုတ်ဘူး ကျွန်တော့်ရဲ့ကောင်လေးပါ..."
"အော်..."
Mr Jeon ရဲ့မျက်နှာဟာသူ့အပြောကြောင့် အနည်းငယ်ပျက်ယွင်းသွားပေမယ့် သိပ်မကြာ သွားတန်းလေးတွေပေါ်သည်အထိပြုံးပြကာ သူ့ကိုရယ်ပြလာသည်...
Seokjin;"သွားစားကြတော့မလားMr Jeon...!"
"အင်း…သွားစားကြမယ်လေ..."
Seokjin လည်း လျော့ရဲရဲလေးဖြစ်နေတဲ့မျက်နှာဖုံးလေးလေးကို လက်ညိုးနဲ့လက်မလေးသုံးကာ အနည်းငယ်ပြန်တင်လိုက်ပြီး Ruby ခန်းမထဲပြန်သွားဖို့လုပ်ချိန်~
"ကိုယ် ချည်ပေးမယ်နော် Mask ကြိုးလျော့နေလို့..."
Mr Jeon ကသူ့ရဲ့နောက်ကိုလာရပ်ပြီးခွင့်တောင်းခြင်းမျိုးမဟုတ်ဘဲသူ့ရဲ့မျက်နှာဖုံးကို တင်းကြပ်စွာချည်ပေးနေလေသည်…
Seokjin;"ကျေးဇူးပါ..."
"Never Mind Honey
ကိုယ်တို့သွားရအောင်..."သူတို့နှစ်ယောက်လုံး Ruby ခန်းမထဲသို့ ပြန်လည်ဝင်လာခဲ့ကြသည်…
သို့ပေမယ့်Mr Jeon ကသူ့လက်ကိုရုတ်တရက်လာဆွဲကာ တစ်နေရာသို့ဦးတည်သွားခဲ့သည်~
"ဘယ်သွားမလို့လဲ စားစရာတွေကဟိုဘက်မှာလေ...!"
"ကိုယ်တို့နှစ်ယောက်အတွက်သီးသန့် စားဖို့နေရာလေးဆီ..."
Seokjin;"ကျွန်တော်ဒီမှာပဲ စားလိုက်မယ် ရတယ်
Mr Jeon..."သူ့လက်ကိုဆုတ်ကိုင်ထားတာကိုမလွှတ်ပေးဘဲ ဓာတ်လှေကားရှိရာဆီသို့ခေါ်လာခဲ့သည်~
Seokjin;"Mr Jeon ကျွန်တော်ပြောနေတယ်လေ...!"
"Honey မိဘတွေကိုကိုယ်ခွင့်တောင်းပြီးပြီ သူတို့ကလည်းအေးအေးဆေးဆေးစားသောက်ပြီးမှပြန်လာတဲ့ သူတို့အရင်ပြန်နှင့်ပြီတဲ့... Honeyအဲ့ဒါကြောင့် အတူတူလိုက်စားနော်..."
YOU ARE READING
Opposite Love 🔄(Complete)
Fanfictionကျုပ်ဘဝကမကြီးကျယ်ပေမယ့် ကျုပ်အချစ်ကတော့ကြီးကျယ်ခမ်းနားတယ်..~