Part-14💢

2.2K 313 28
                                    

Unicode;

Seokjin ဒီနေ့ Omma နဲ့အတူ ညစာစားပွဲကိုတက်ရသည်~Appa ကတော့ သူတို့ကို  Dinner မှာစုံမယ်လို့ပြောကာ အစောကြီးအိမ်ကထွက်သွားခဲ့သည်~

ဒီလိုပွဲတွေ Seokjin ရော Omma ရောသိပ်မသွားဖြစ်ကြပေမယ့် ဒီနေ့တော့ Appa ကအတန်တန်လာဖို့ပြောနေတာကြောင့် ဆိုင်စောစောသိမ်းကာထွက်လာခဲ့ကြသည်~

Dinner ပွဲနဲ့လိုက်အောင် အနောက်တိုင်းဝတ်စုံခဲရောင်လေးကိုဝတ်ဆင်လိုက်ပြီး ဆံသားတစ်ချို့ကိုလည်း သပ်တင်ကာထားလိုက်သည်…

ကင်မရာမီးတဖျက်ဖျက်ကလည်း သူတို့ဝင်လာတည်းကရိုက်နေတာမို့ သူ့ကိုယ်သူအနုအညာရှင်တစ်ယောက်လို့တောင်ထင်ယောင်နေမိသည်~

Ruby ခန်းမထဲမဝင်ခင် အဝမှာစောင့်နေဟန်တူတဲ့ ဝန်ထမ်းလေးနှစ်ယောက်ကိုတွေ့တာကြောင့် Appa ပေးခဲ့တဲ့ ပွဲတက်ဝင်ခွင့်ကဒ်လေးနှစ်ခုပြလိုက်သည်~ထို့‌ နောက်သူ့လက်ထဲကိုမျက်နှာဖုံးတစ်ခုကမ်းလာတယ်~

ခန်းမထဲကိုတစ်ချက်ခေါင်းပြူကြည့်မိတော့ အကုန်လုံးကလည်း ပုံစံမတူတဲ့မျက်နှာဖုံးကိုယ်စီဖြင့်~

မျက်နှာဖုံးဆိုပေမယ့်လည်း မျက်နှာတစ်ခုလုံးဖုံးထားတာမျိုးတော့မဟုတ်~နှာရိုးအထိလောက်သာ အုပ်လို့ရတဲ့မျက်နှာဖုံးအနေလေးတွေ~

Omma ကိုမျက်နှာဖုံးလေးတပ်ပေးပြီး သူလည်းပေးလာတဲ့မျက်နှာဖုံးတစ်ခုတပ်ကာ Ruby ခန်းမထဲသို့ဝင်လာခဲ့သည်~

ဘေးတစ်ဖက်တစ်ချက်ဆီမှာ လုပ်ငန်းရှင်တွေဖြစ်ပုံရတဲ့ လူတစ်ချို့ဟာဟိုတစ်စုဒီတစ်စုဖြင့်~
ခန်းမထဲတွင်လူတွေဟာလည်းအလွန်များပြားလှသည်…

ငယ်ရွယ်‌တဲ့သူတစ်ချို့နဲ့ အကသမားလို့ထင်ရတဲ့ စုံတွဲလေးတွေကတော့ ခန်းမအလယ်မှာ တေးသံအလိုက် စီးမြောကာကနေကြသည်…

"သား ဟိုလူကြီးကိုဖုန်းဆက်လိုက်ပါလား ဒီလူကြီးခေါ်တုန်းကခေါ်ပြီး အခုထိအရိပ်အယောင်တောင်မတွေ့ရသေးဘူး"

မျက်နှာဖုံးအောက်က မျက်လုံးလေးတွေက ဟိုဝေ့ကြည့်ဒီဝေ့ကြည့်ကာ သူ့ကိုတီးတိုးပြောလာတဲ့ Omma ဟာ သိပ်ကိုချစ်စရာကောင်းလွန်းသည်...

Opposite Love 🔄(Complete)Where stories live. Discover now