Unicode;
ပြန်စာမလာတဲ့ Message နဲ့အတူ ဖုန်းခေါ်တိုင်းစက်ပိတ်ထားပါသည်ဆိုတဲ့အသံကြောင့် လူသတ်ချင်ရိုက်ချင်စိတ်တောင်ပေါက်လာပြီ~
နေ့လည် ၁၂ထဲက အဆက်အသွယ်မရတာ ည၈နာရီကျော်သည်အထိပင်~
ခင်ဗျားလေးဘာများဖြစ်နေတာလဲဗျာ~
သူရှိတဲ့နေရာကိုလိုက်သွားချင်ပေမယ့် ကျုပ်ကြောင့်များစိတ်အနှောင့်အယှက်ဖြစ်နေမလားဆိုပြီး ဝင်လာတဲ့စိတ်ရိုင်းကြောင့်လူကအိမ်ထဲမှာပဲ သူ့စာပြန်အလာကိုစောင့်နေမိသည်~ဖုန်းကိုလည်းအဆက်မပြတ်ခေါ်နေမိသည်~
ဒီလောက်အချိန်လေး အဆက်မသွယ်မရတာကို အဖြစ်သည်းတယ်ပြောပြော ပိုလွန်းတယ်ပြောပြောကျုပ်$ဂရုမစိုက်ဘူး…အချိန်တိုင်း စာပို့တယ်… ဖုန်းဆက်တယ်… ဘယ်ရောက်နေလဲကအစပြောကြတဲ့သူတို့မို့လို့ အခုလိုအဆက်အသွယ်မရတဲ့ ၈နာရီက ငရဲလိုပဲပူလောင်သည်~
ရေတောင်ထမသောက်ဘဲ သူတစ်နေ့လုံးစောင့်နေခဲ့တာ…
သိုပေမယ့် ဘာသတင်းမှပြန်ရမလာတာကြောင့် ဆိုင်ကယ်သော့ကိုဆွဲကာ နေ့လည်ထဲကပစ်ထားတဲ့ ခင်ဗျားလေးဆီလစ်ဖို့ခြေလှမ်းကြဲတွေဖြင့် ဆိုင်ကယ်ရှိရာသို့ လှေကားထစ်ပေါင်းများစွာ ကျော်ဖြတ်ကာဆင်းလာခဲ့သည်~
ဆိုင်ကယ်ကိုမိုင်ကုန်မောင်းလာတဲ့အချိန် လမ်းပိတ်ကာ အုပ်စုဖွဲ့ရမ်းကားနေတဲ့ သူတွေကြောင့် ထောင်းခနဲထွက်နေတဲ့ ဒေါသကိုမထိန်းနိုင်ဘဲ ဆိုင်ကယ်ကို တုန့်ခနဲနေအောင်ရပ်ပစ်လိုက်သည်~
ဆိုင်ကယ် အိတ်ဇောအပေါ်မှာ တွဲညှပ်ထားတဲ့ ဘေ့စ့်ဘောတုတ်တံကို ပခုံးပေါ်တင်ပြီး ထိုအုပ်စုနားကိုသွားရပ်လိုက်သည်~
"ယောင်္ကျားတွေမလား ဘာလို့စကားနာထိုးနေတာလဲ ချစရာရှိချလေ... ကျုပ်ပါဝင်ချပေးရမလား!!"
Jungkook သူ့ရဲ့လက်စွဲတော် ဘေ့စ်ဘောတုတ်နဲ့ သူ့ရဲ့လမ်းကြောင်းတည်းလာရှုပ်နေတဲ့ကောင်တွေကို ပညာကောင်းကောင်းကောင်းပေးဖို့ ခပ်စူးစူးအကြည့်နဲ့ကြည့်ပြီးမေးလိုက်တော့ အကုန်လုံးရဲ့မျက်လုံးတွေကသူ့ဆီမှာ~
![](https://img.wattpad.com/cover/301941159-288-k839468.jpg)
YOU ARE READING
Opposite Love 🔄(Complete)
Fanfictionကျုပ်ဘဝကမကြီးကျယ်ပေမယ့် ကျုပ်အချစ်ကတော့ကြီးကျယ်ခမ်းနားတယ်..~