Part-26💢

1.9K 262 47
                                    

Unicode;

ကျုပ်မကြိုက်တာလုပ်တဲ့ကျုပ်သိပ်ချစ်ရတဲ့ကိုကိုဆိုတဲ့လူကိုမှတ်လောက်သားလောက်အောင်လုပ်ပလိုက်ချင်ပေမယ့် ကျုပ်မလုပ်ရက်ခဲ့ဘူး....

Kim Seokjin ဆိုတဲ့လူနာကျင်ရရင် ကျုပ်လည်းနာကျင်ရတယ်....ကျုပ်အသည်းတစ်ခုလုံးကိုဓားနဲ့မွှန်းပြီးဆားနဲ့သိပ်နေသလို စပ်ဖျင်းဖျင်းနဲ့အောင့်တက်လာပြီး အသက်ရှူကြပ်လာတဲ့အထိနာကျင်ခံစားရတယ်....

မြင်မြင်ချင်းအချစ်ဆိုတာကို Kim Seokjin ဆိုတဲ့လူသားနဲ့တွေ့မှခံစားမိလာခဲ့တာ~တစ်ခါမှတခြားလူတစ်ယောက်ကိုဒီလိုနှစ်နှစ်ကာကာစွဲလမ်းမိလိမ့်လို့ကျုပ်ဘယ်တုန်းကမှမတွေးခဲ့ဖူးဘူး...

Kim Seokjin ကြောင့်ကျုပ်လောကကြီးကိုစိတ်ဝင်စားလာခဲ့တာ~

အရင်လိုပေါ့ပျက်ပျက်မနေချင်တော့ဘူး~Kim Seokjinဆိုတဲ့လူသားကြောင့်ကျုပ်ဘဝကြီးကိုလေးလေးနက်နက်တွေးမိလာခဲ့တယ်...

Kim Seokjinဆိုတဲ့လူနဲ့ကျုပ်လက်ထပ်ဖြစ်ရင် ကျုပ်ကပဲရှာကျွေးချင်ခဲ့တာ...ကိုကိုဆိုတဲ့ Kim Seokjinကို အလုပ်မလုပ်ခိုင်းဘဲသူ့ဘေးမှာပဲ နေပြီးသူ့ကိုပဲချစ်စေချင်တာ....

အဲ့လိုဖြစ်ဖို့ဆိုကျုပ်မှာအခြေတကျလုပ်ဖို့အလုပ်တစ်ခုလိုတယ်‌....ကျုပ်ကတစ်ကောင်ကြွက်ဆွေမျိုးဆိုတာလည်းမရှိ...ကျုပ်ဘဝထဲကိုပထမဆုံးနဲ့ ရောက်လာတာ ကိုကိုဆိုတဲ့ Kim Seokjin တစ်ယောက်တည်းပဲ....

သူကလွဲပြီးတခြားဘယ်သူ့ကိုမှ Kim Seokjinနားမရှိစေချင်ခဲ့ဘူး...ဒါဟာကျုပ်ရဲ့ကြီးမားတဲ့အတ္တတစ်ခု~

ဟိုတစ်ခါက Jeon ဆိုတဲ့လူနဲ့ Kim Seokjin တဲ့လူသားနဲ့ကိုတွဲတွေ့လိုက်ရတုန်းက ကျုပ်စိတ်မထိန်းနိုင်ဘဲ ကိုကိုဆိုတဲ့လူကိုတွန်းပစ်ခဲ့ဖူးတယ်....

အဲ့နေ့ကဆိုကျုပ်ညဘက်တောင်အိပ်မပျော်ခဲ့ဘူး...ကျုပ်ရဲ့လက်တွေနဲ့ ကျုပ်သိပ်ချစ်ရတဲ့သူကိုတွန်းလိုက်မိတာတကယ့်ကိုအပြစ်ကြီးတစ်ခုကိုကျူးလွန်မိသလိုဖြစ်ခဲ့တာ....

ကျုပ်ဘဝထဲက သူထွက်မသွားဖို့ဆိုကျုပ်ဘာပဲဖြစ်ဖြစ်လုပ်ရဲတယ်...ကျုပ်ကလွဲပြီးတခြားလူနဲ့ တွေ့ဖို့မပြောနဲ့ အကြည့်ချင်းဆုံရင်တောင်သတ်ပြစ်ချင်လောက်တဲ့အထိ ကျုပ်ဟာကိုကို့အပေါ်မှာအစွန်းရောက်ခဲ့တယ်...

Opposite Love 🔄(Complete)Where stories live. Discover now