Part-20💢

2.3K 305 16
                                    

Unicode;

Seokjin လှဲနေရာမှငှေါက်ခနဲထထိုင်လိုက်ပြီး Jungkook ကိုမကြည့်ဘဲမျက်နှာလွှဲကာနေလိုက်သည်...

"မင်းမပြန်သေးဘူးလား Jungkook!"

Jungkook;"မပြန်ဘူးဗျာ...!"

"ပြန်ကွာ...!"

"မပြန်ပါဘူးဆို မကြားဘူးလား..!"

"အိုမားတို့ မင်းMr Jeon မဟုတ်မှန်းသိသွားရင် ပြဿနာတွေတတ်ကုန်လိမ့်မယ် ပြန်တော့ Jungkook..."

"ယောက္ခမကြီးကို‌တောင်ဟိုလူဘယ်လိုခေါ်မှန်းမသိလို့ကျုပ်မှာ Omonyi လို့ခေါ်ချင်တာတောင် ခေါ်တာတွေလွဲနေမှာဆိုးလို့မခေါ်ဘဲနေတာသိလား!"

Seokjin;"သိပြီ...သိပြီမို့ မဆိုင်တာတွေပြောတာရပ်ပြီးပြန်လိုက်ပါတော့....Omma တို့သိသွားရင်ပြဿနာကတကယ်တတ်လိမ့်မယ်!"

Seokjin Omma တို့ကိုခေါင်းစဉ်တပ်ကာတမင်ပြောနေခြင်းပင်~တကယ်လို့Omma သိသွားလည်းသူကအမှန်အတိုင်းဝန်ခံလိုက်မှာ...အခုကကလေးဆိုးလေးကိုသူစိတ်ဆိုးနေလို့တမင်ကိုရစ်နေတာ~

"မပြန်ပါဘူး‌လို့ ကိုရီးယားလိုပြောနေတာနားမလည်ဘူးလား...ဒီမှာပြဿနာတတ်လည်းကျုပ်ကအေးဆေးပဲ... ခင်‌ဗျားမိဘတွေကို
ခင်ဗျားယောင်္ကျားဖြစ်မယ့်လူကကျုပ်လို့ပြောင်ပြောပလိုက်မှာရှင်းလား!!"

Seokjin;"မရှင်းဘူး ငါအကောင်းပြောနေတာ Jungkook....Mr Jeon မဟုတ်မှန်းသိ..."

"ခင်ဗျားဘာဖြစ်နေတာလဲ ကျုပ်ကမပြန်ဘူးဆိုထပ်မပြောနဲ့တော့လေ...Mr Jeon ဆိုတဲ့နာမည်လည်းထပ်မထွက်မိစေနဲ့ ကျုပ်အသေသတ်ပစ်မိလိမ့်မယ်.!"

"......"

ဆူပုတ်ပုတ်မျက်နှာထားဖြင့် သူ့မျက်နှာကိုမကြည့်ဘဲတခြားနေရာကိုသာစိုက်ကြည့်နေတဲ့ ခင်ဗျားဟာနေမကောင်းလို့ဂျစ်တိုက်နေတာလား~

"ခင်ဗျားနေမကောင်းဘူးဆို ကျုပ်စိတ်ပူသွားတာပဲ..!"

Jungkookအမှန်တကယ်ပင်စိတ်ပူသွားခဲ့တာမဟုတ်လား~ဒီရက်တွေထဲ ကိုကိုဆိုတဲ့ခင်ဗျားလေးကနေမကောင်းလို့ဆိုင်ကိုလာခဲ့တာပေါ့လေ•••

Opposite Love 🔄(Complete)Where stories live. Discover now