Part-21💢

2.1K 284 33
                                    

Unicode;

Seokjin အတွက်ဒီနေ့စိတ်ထဲလန်းဆန်းနေမိသည်...မနေ့တုန်းကသူနဲ့ကလေးလေးချစ်ကြည်ရေးရသွားကြတာမို့လို့ထင်တယ်... သူစိတ်ထဲ ဒီနေ့ရာသီဥတုကြီးဟာကြည်လင်တောက်ပနေသလားပဲ~

မြင်မြင်သမျှအရာရာတိုင်းကသူ့ကိုပြုံးပြနေကြတယ်...တံခါးကြီးကပြုံးပြလိုက်...လှေကားလက်ရမ်းကပြုံးပြလိုက်...ထိုင်ခုံတွေကပြုံးပြလိုက်နဲ့ သူတော့ရူးနေတာတော့မဟုတ်ဘူးထင်တယ်...ဒီနေ့မြင်သမျှက သူ့စိတ်ကိုအလိုလိုပျော်အောင်ထားတာဖြစ်မယ်...

__

Omma ပြင်ပေးထားတဲ့ Breakfast လေးကိုစားပြီးဆိုင်သွားဖို့အလုပ်ကားသော့နဲ့ဖုန်းမေ့ကျန်ခဲ့တာကြောင့်အပေါ်ထပ်ကသူ့အခန်းထဲကိုပြန်တတ်လာခဲ့သည်....

ကုတင်ပေါ်မှာကျန်ရစ်ခဲ့တဲ့ဖုန်းလေးကိုကောက်ကာ ဘောင်းဘီအိတ်ကပ်ထဲသို့ထည့်လိုက်သည်....

ဝတ်ထားတဲ့အဝတ်အစားတွေအချိုးကျရဲ့လားဆိုပြီး မှန်ဗီဒိုရှေ့သွားရပ်ကြည့်လိုက်သည်.....

Shirt အဖြူပေါ်မှာ အဖြူနဲ့အပြာရောစပ်ထားတသည့်လက်ရှည်အကွက်ကျဲကျဲ ဖလန်ထည်လေးကို ဘောင်းဘီJean ပြာဖြင့်တွဲဖက်ဝတ်ဆင်ထားတဲ့သူဟာအရမ်းကို Handsome ဖြစ်လွန်းသည်.....

မှန်တင်ခုံပေါ်က ကားသော့လေးကိုယူ၍ Omma တို့ကိုနှုတ်ဆက်ကာဆိုင်သို့သွားရန်ထွက်လာခဲ့တော့သည်.....

ကားထဲက Radio ကိုဖွင့်လိုက်တော့ မိုးလေဝသသတင်းဖြစ်နေတာကြောင့် သီချင်းလိုင်းကိုဟိုပြောင်း‌ဒီပြောင်းလုပ်လိုက်သည်....

ဆော့ဂျင်အတွက် ဒီနေ့ရာသီဥတုသာယာမှာမို့မိုးလေဝသသတင်းနားမထောင်လဲရတယ်လေ~

BTS ရဲ့ Stay Gold သီချင်းလေးကိုဆိုငြီးရင်းသူကားလေးကိုပုံမှန်မောင်းထွက်လာခဲ့သည်....
သဘာ‌ဝလေကို ရှူရှိုက်ချင်တာကြောင့် ကားမှန်လေးကိုချကာလေလေးတွေကိုကားမှန်မှတစ်ဆင့်ဝင်ခွင့်ပေးလိုက်သည်.....

ရုတ်တရက်နားထဲကိုဝင်ရောက်လာတဲ့ဆိုင်ကယ်သံကြောင့် Seokjin ခေါင်းဘယ်ညာရမ်းရတော့သည်....

သူ့ကလေးလေးများလား~

"‌ဟေ့...!!"

သူ့ရဲ့ညာဘက်အခြမ်းကနေထွက်လာတဲ့အသံကြောင့် ဆော့ဂျင်ကြည့်လိုက်တော့ထင်တဲ့အတိုင်းပင်သူရဲ့ကလေးဆိုးလေးက အနက်ရောင်အင်္ကျီပေါ်မှာ အနက်ရောင်ဂျာကင်ကိုဝတ်ဆင်ထားပြီး လက်အိတ်တွေဝတ်ထားတဲ့ ကလေးဆိုးလေးလက်လေးတွေက ဆိုင်ကယ်ဦးထုပ်မှန်ကာကိုတင်ကာသူ့ကိုပြုံးပြလာသည်.....ဆော့ဂျင်လည်း ကလေးဆိုးလေးကြားအောင်အသံကိုအနည်းငယ်မြှင့်ကာပြောလိုက်သည်~

Opposite Love 🔄(Complete)Unde poveștirile trăiesc. Descoperă acum