Part-22💢

2K 278 31
                                    

Unicode;

တစ်ခုခုကိုစဉ်းစားနေသလိုမျိုးအခုထိဝေ့လည်ကြောင်ပတ်လုပ်နေသေးတဲ့ ဆေးရုံဝတ်စုံနဲ့Mr Jeon ကို ဆော့ဂျင်စိတ်‌တွေရှည်မနေတော့ပါ......

တကယ်ပဲရုပ်ရှင်ကားတွေထဲကလို ကွဲကွာနေတဲ့ညီအစ်ကိုတွေဘာတွေဖြစ်နေကြတာများလား....

မျက်နှာပေါက်ကျပုံကအစအတော်လေးကိုဆင်နေတာမို့ဆော့ဂျင်အဖို့ဝေခွဲမရဖြစ်နေတာအဆန်းမဟုတ်ပေ....

Seokjin;"ဒီနေ့ပြောအုံးမှာလား Mr Jeon Shi...."

"Jeon......Jeon လို့ခေါ်ပါလား..?"

Seokjin;"မခေါ်ချင်ပါဘူး..."

"ရှက်လို့လား..."

Seokjin;"ကျွန်တော်ကဘာကိစ္စအတွက်ရှက်ရမှာလဲ...? ယောင်္ကျားအချင်းချင်းကြီးကို..."

"အင်းလေ...ယောင်္ကျားအချင်းချင်းဆို ဒီလို ကိုယ့်ကို ရင်းနှီးသမှုနဲ့ Jeon လို့ခေါ်လို့ရတာပဲလေ...အခုလိုမခေါ်နိုင်စရာမှမလိုတာ.."

နှုတ်ခမ်းကိုတစ်ချက်တစ်ချက်ဆူဆူပြီးပြောနေတဲ့ ကုတင်ပေါ်ကလူကို ဆော့ဂျင်စောင်ပေပေဖြင့်ကြည့်လိုက်သည်...ဒီလူက ကလေးဆိုးလေးမျက်နှာနဲ့သူ့ကိုချစ်ဖို့ကောင်းအောင်လုပ်ပြပြီးအထာတွေပေးနေသလားပဲ~

Seokjin;"စကားလမ်းကြောင်းမလွှဲနဲ့ ခုနကကိစ္စသာပြောပါ..."

"Jeon လို့တရင်းတနှီးခေါ်ရင် Kim လေးသိချင်တာကိုယ်ပြောပြမယ်..."

Mr Jeon စကားကြောင့် Seokjinစိတ်မရှည်သလိုလိုခပ်စောင့်စောင့်ပြန်‌ပြောလိုက်သည်...

Seokjin;"ခင်ဗျားဈေးသိပ်ကိုင်တယ်ဗျာ...!"

"ကိုယ်ကမနည်းစုံစမ်းထားရတာနော်...ဒီလိုလွယ်လွယ်နဲ့ပြောရမလား...စီးပွားရေးလောကမှာတောင်အပေးအယူ အရှုံးအမြတ်ဆိုတာ ရှိစမြဲပဲလေမဟုတ်ဘူးလား..?"

Seokjin;"ကျစ်! ကဲဗျာ…
Jeon ရပြီလား...."

"အဟီး..အ့
နားထောင်လို့ကောင်းလိုက်တာ..."

သွား၃၂ ချောင်းလုံးဖော်ပြီးသူ့ကိုရယ်ပြနေတဲ့ Mr Jeon ဟာ မျက်နှာကဒဏ်ရာကြောင့်နာသွားပုံရတယ်… တ အ့အ့ နဲ့တစ်ချက်တစ်ချက်ငြီးညူသံကထွက်လာသေးသည်...

Opposite Love 🔄(Complete)Where stories live. Discover now