Part-27 💢

2.1K 266 64
                                    

Unicode;

ဆော့ဂျင်ပွဲသာထကြမ်းပလိုက်ချင်သည်....သူအရမ်းစိတ်ညစ်နေပြီ....

"ကျွန်တော်တို့လည်းလူနာရှင်ပြောရင်ခံရမှာပါပဲ..လူနာကိုယ်တိုင်ကိုက Accident မဖြစ်ခင်ထဲက နှလုံးအားနည်းနေတာ...ပကတိကောင်းတဲ့သူဆို အခုAccidentဒဏ်ရာလောက်ကအစားထိုးရလောက်တဲ့အထိမလိုဘူး..အခု Accidentအရှိန်ကလာနှောင့်ယှက်တော့ နှလုံးကြွက်သားတွေကပုံမှန်ပိုအလုပ်လုပ်နေရတယ် အချိန်တွေပိုကြာမယ်ဆို Cardiomyopathy လို့ခေါ်တဲ့နှလုံးကြွက်သားပိုကြီးလာပြီး စီးချက်မမှန်ပဲလူနာ့နှလုံးဟာပိုခုန်လာမယ်ဆိုရင်တော့ ကျွန်တော်တို့လူနာကိုလက်လွှတ်...."

ဆော့ဂျင်သူ့ရှေ့ကဆရာဝန်စကားမဆုံးခင်ကြားဖြတ်ကာပြောလိုက်သည်....

"ဘယ်လိုပြန်ကောင်းအောင်လုပ်မလဲဆိုတာဘဲစဉ်းစားပေးပါ...လက်လွှတ်မယ်ဆိုတဲ့စကားမပြောပါနဲ့တော့..."

"ကောင်းပါပြီ…ကျွန်တော်တို့လူနာရဲ့ဦးခေါင်းဒဏ်ရာကိုပျောက်ကင်းအောင်လုပ်ပေးနိုင်ခဲ့ပါတယ်...ဒါကလည်းလူနာကဆေးရုံကိုမြန်မြန်ရောက်လာခဲ့လို့... Heart နဲ့ဆိုင်တဲ့အပိုင်းကတော့ကျွန်တော်တို့အတွက် လူနာနဲ့တူတဲ့နှလုံးအစားထိုးမယ့်အမျိုးအစားတူအခုထိမတွေ့သေးဘူး...."

Seokjin;"ကလေးလေးခေါင်းကိုကုသလိုပဲ ကျွန်တော့်ကလေးရဲ့ နှလုံးသားလေးကိုရော အစားမထိုးဘဲ ကောင်းအောင်လုပ်ပေးလို့မရဘူးလား...စဉ်းစားပေးပါ"

"ကျွန်‌တော်လည်းထပ်တူစိတ်မကောင်းဖြစ်မိပါတယ် တကယ်မဖြစ်နိုင်လို့ပါ....နှလုံးအလှူရှင်ကိုသာရခဲ့ရင်တော့ သေချာပေါက်လူနာအသက်ရှင်ဖို့ကျွန်တော်တို့အာမခံပါတယ်..."

သူရဲ့ကလေးလေးကနဂိုတည်းကနှလုံးအားနည်းနေတာတဲ့ တကယ်ကြီးသူမသိခဲ့တာ...

သူဟာတော်တော်ကိုအလိုက်မသိတဲ့လူတစ်ယောက်....ကလေးလေးဒီလိုခံစားနေရတာတောင်မရိပ်မိခဲ့တဲ့သူဟာသိပ်စိတ်ပျက်ဖို့ကောင်းတယ်....

ဆရာဝန်ကသူ့ပခုံးကိုပုတ်ကာ ထွက်သွားခဲ့သည်...

သူအခုဘာဆက်လုပ်ရမှာလဲ...လုပ်စရာတစ်ခုပဲရှိတော့တယ်....

Opposite Love 🔄(Complete)Where stories live. Discover now