Part-17💢

2.3K 297 39
                                    

Unicode;

လေတဖြူးဖြူးနဲ့ ချစ်ရသူရဲ့ခါးလေးကိုဖက်ပြီး ဆိုင်ကယ်နောက်ကထိုင်လိုက်တာ ဘယ်လောက်တောင်ကြည်နူးစရာကောင်းလိုက်သလဲ.?

ကားတွေကိုကျော်တက်ကာ မောင်းနှင်လာတဲ့ သူတို့ဆိုင်ကယ်ကြောင့် သူ့မှာအောင်နိုင်သူလိုလို ဘာလိုလိုနဲ့~

တစ်နေ့တာရဲ့ရှုပ်ထွေးစရာတွေဟာ ဒီအခိုက်အတန့်လေးမှာတင်ပျောက်ကွယ်သွားခဲ့ပြီ~

အချိန်အနည်းငယ်ကြာတော့မှ တုန့်ခနဲရပ်သွားတဲ့ ဆိုင်ကယ်ကြောင့် ကလေးဆိုးလေးကျောပေါ်မှီထားတာသူ့ရဲ့ခေါင်းလေးထောင်မတ်‌သွားသည်~

"ရောက်ပြီ ကိုကို!ခင်ဗျားမဆင်းတော့ဘဲ ကျုပ်ကိုဖက်ပဲနေတော့မှာလား! ဒါဆိုလည်းတစ်ညလုံးဒီတိုင်းနေကြတာပေါ့!"

Seokjin;"မဟုတ်တာ..ဆင်းမယ် ဆင်းမယ်"

Seokjin ဆိုင်ကယ်ပေါ်မှာ ဆင်းလိုက်ပြီး ဘေးဘီဝဲရာကိုကြည့်မိတော့ သူတို့အထပ်မြင့်ကွန်ဒိုတစ်ခုအရှေ့ကိုရောက်နေခဲ့သည်~

ကလေးဆိုးလေးကိုမေးဖို့ကြည့်လိုက်တော့ ဆိုင်ကယ်စီးရင်ဝတ်ကြတဲ့ လက်အိတ်တွေကိုချွတ်ကာ ဆိုင်ကယ် Tool Box ထဲကိုထည့်နေလေသည်~

"ကလေးလေး ဘယ်ကိုလာတာလဲဟင်..!"

Jungkook;"ကျုပ်ခေါ်တဲ့နောက်လိုက်ရဲတယ်မလား!?"

Seokjin;"အင်း.."

"ဒါဆိုတိတ်‌တိတ်လေးခေါ်ရာနောက်ကိုလိုက်ခဲ့ပေါ့ကိုကိုရယ်~"

ကွန်ဒို ကလှေကားထစ်တွေအတိုင်းသူရဲ့လက်ကိုကလေးဆိုးလေးလက်ဖဝါးနွေးနွေးလေးက ဆုတ်ကိုင်ကာ လှေကားထစ်တွေကိုတက်လာခဲ့သည်~

လှေကားထစ်လေးတွေကို ခြေလှမ်းအတူတူလှမ်းရင်းသွားနေခြင်းကလည်း ကြည်နူးစရာတစ်ခု~

Opposite Love 🔄(Complete)Tahanan ng mga kuwento. Tumuklas ngayon