Unicode;
Seokjin ထမင်းစားသောက်ပြီး မယောင်မလည်အပေါ်တက်ကာသူ့အခန်းထဲကိုပြန်လာပြီး ကလေးလေးရှိမရှိလာရောက်ကြည့်မိသေးသည် သို့သော်ကလေးလေးရှိမနေတော့ပေ~
.
.
.
ကြည့်နေကျ Drama Series တစ်ခုကဒီနေ့ဇာတ်သိမ်းပင်~တစ်လျှောက်လုံးကောင်းလာခဲ့ပြီး လက်ထပ်ခွင့်တောင်းမယ့်နေ့မှ မင်းသားဟာ သေနတ်အပြစ်ခံရပြီး သေဆုံးသွားခဲ့သည်~မင်းသမီးကတော့ မင်းသားအလာကိုမီးပြတိုက်ကြီးမှာစောင့်နေရင်းမှာပဲပြီးပါပြီဆိုတဲ့စာတန်းကြီးထိုးသွားသည်တဲ့လေ~ဘယ်လိုတောင်ရက်စက်တဲ့ ဒါရိုက်တာလဲ~Omma ကတော့သနားလို့ဆိုပြီး တစ်ရှုံ့ရှုံ့နဲ့ငိုနေလေသည်~ Appa ကတော့ တစ်ခုခုကိုစဥ်းစားဟန်ဖြစ်နေလေသည်~
Seokjin အခုရက်ထဲသတိထားမိတယ် Appa မှာကိစ္စတစ်ခုခုရှိနေပုံရသည်~သို့သော် Appa ပြောလာမယ့်နေ့မှသာ မေးမည်ဟူ၍ဆုံးဖြတ်လိုက်သည်~
ဘာမှလုပ်စရာလည်းမရှိတော့တာကြောင့် အပေါ်ထပ်သို့ပြန်တတ်လာပြီး ကလေးလေးဖုန်းကိုသာမျှော်နေမိတော့သည်~
ကိုယ့်ဘက်ကတော့မဆက်မိခဲ့ တော်ကြာဆိုင်ကယ်မောင်းနေရင်းသူ့ဖုန်းကြောင့် ကလေးစိတ်အနှောင့်အယှက်ဖြစ်သွားမှာဆိုးတာကြောင့်ပင်~
ခဏအကြာ ဒီး ဆိုတဲ့မြည်သံကြောင့် ဇက်ခနဲကိုင်လိုက်သည်~
Seokjin;"Hello အိမ်ပြန်ရောက်ပြီလား"
"အခုပြောနေတာ ဒီဖုန်းပိုင်ရှင်နဲ့ဘာများတော်ဆက်လဲမသိဘူး"
Seokjin တစ်ဖက်ကကြားလိုက်ရတဲ့အသံက သူ့ကလေးလေးအသံမဟုတ်ဘဲ ယောင်္ကျားတစ်ယောက်အသံဖြစ်နေတာကြောင့် မေးလိုက်တော့သည်~
YOU ARE READING
Opposite Love 🔄(Complete)
Fanfictionကျုပ်ဘဝကမကြီးကျယ်ပေမယ့် ကျုပ်အချစ်ကတော့ကြီးကျယ်ခမ်းနားတယ်..~