Part-3💢

3.5K 377 17
                                    

Unicode;

"မင်းဘယ်လိုဖြစ်နေတာလဲကွာ"

Jungkook;"ဘယ်လိုဖြစ်နေလဲဟုတ်လား အခုကျုပ်စိတ်တအားတိုနေတယ်!
ခင်ဗျား ၃မိနစ်အတွင်း ထွက်မလာရဲမလာကြည့်လေ ကျုပ်ဆိုင်ကယ်ကတော့ ခင်ဗျားတံခါးဆီအဆင်သင့်ပဲ!!"

Seokjinအချိန်ကိုကြည့်လိုက်တော့ ည၇နာရီကျော်နေပြီ... Appa/Omma တို့နဲ့ညစာတူတူစားရအုံးမှာ..ဘယ်လိုလုပ်ရပါ့မလဲ~

လေယာဉ်ကွင်းက Securityတွေကလည်း လူဆိုးလိုကောင်ကိုဒီအတိုင်းလွှတ်ပေးလိုက်ကြတာလား~

အတွေးတို့ကိုလက်စသက်ကာ လူဆိုးလိုကောင်ကို မနက်မှတွေ့ဖို့ပြောလိုက်တော့သည်~

"မနက် မနက်မှတွေ့ရအောင် အခုချိန်ငါအပြင်ထွက်ရင်အိမ်ကတစ်မျိုးထင်လိမ့်မယ်"

Jungkook;"ခင်ဗျားကိစ္စစိတ်မဝင်စားဘူး! ကျုပ်စကားအကုန်ပြောပြီးပြီ! လာတာမလာတာကတော့ ခင်ဗျားသဘော!!"

"ဟယ်လို! .မင်း.."

လူဆိုးလိုကောင်က ဖုန်းချသွားတာကြောင့် ဖုန်းပြန်ခေါ်လိုက်တော့လည်းစက်ပိတ်ထားသည်နှင့် တိုးလေသည်~ဒါသူ့ကိုလူဆိုးလိုကောင်သက်သက်အကျင့်ယုတ်တာ..

Seokjin အောက်ထပ်ကိုပြေးရုံမယ်မြန်ဆင်းလာခဲ့သည်~

Mrs Kim;သားလေးဆင်းလာပြီလား Omma ကအခုပဲလာခေါ်တော့မလို့...

Seokjin;Omma တို့ညစာစားနှင့်နော် ကျွန်တော့်ဆိုင်ကဝန်ထမ်းတစ်ယောက်လေ အိမ်ရှေ့မှာ သူ..သူ့အ‌မေဆေးရုံတင်တာ...ငွေ ငွေလိုလို့ဆိုပြီး ‌အကူအညီ‌တောင်းလို့ သွားပေးမလို့..

ရင်တဒိတ်ဒိတ်နဲ့ပြောနေတဲ့စကားတွေဟာ အဆင်ချောနေရဲ့လားတောင် Seokjinသေချာသိ.. သူ့ရဲ့စိတ်အစုံဟာ ခြံရှေ့ကလူဆိုးလိုကောင်ဆီကိုပဲရောက်နေခဲ့သည်~

Opposite Love 🔄(Complete)Where stories live. Discover now