Unicode;
Seokjin မတ်တပ်ထရပ်လိုက်ပြီး Mr Jeon တို့ဆီသွားဖို့အလုပ် ဆောင့်ကြောင့်ထိုင်နေရာမှထ၍ သူ့လက်ကိုဆောင့်ဆွဲလာတဲ့ Jungkook ရဲ့ တက်တူးတွေနဲ့လက်တစ်ဖက်~
"Kim Seokjin ကျုပ်စိတ်ကိုမဆွနဲ့တော့!ကျုပ်မဟုတ်ဘဲတခြားကောင်ကိုကြည့်နေတာတွေရပ်တန်းကရပ်!!"
Seokjin;မင်းမလွန်လွန်းဘူးလားဟမ်!ဘာလို့အရာအားလုံးကိုသံသယမျက်လုံးတွေနဲ့ကြည့်နေရတာလဲ!?"
Seokjin စိတ်တိုလာတာကြောင့် သူ့လက်ကိုဆွဲထားသည့် Jungkook လက်ကိုဆွဲဖြုတ်ကာ အော်ဟစ်ပြောဆိုနေမိတော့သည်~
"ဘာတွေမှန်နေလို့ကျုပ်ကိုခွန်းတုံ့ပြန်နေရတာလဲ!!
ဟမ်!!!လက်ကရော ခင်ဗျားကောင်ရှိလို့ ကျုပ်လက်ကိုဖြုတ်ချပစ်တာလား Kim Seokjin!!""မဆိုင်တာတွေကို စွတ်စွတ်စွဲစွဲလာမပြောနဲ့ Jungkook!!"
"စွတ်စွဲတယ် အဟက်...ခင်ဗျားသိပ်ရယ်ရတယ် Kim Seokjin...!ခင်ဗျားလုပ်ထားတဲ့အချိုးကိုပြန်သုံးသပ်ကြည့်စမ်း!!ကျုပ်ဖုန်းကိုမကိုင်ဘူး!အခုတခြားအကောင်တစ်ကောင်နဲ့လည်းလမ်းသလားနေတယ် အဲ့တာဖြစ်သင့်လား!"
Seokjin;"ငါလမ်းသလားနေတာမဟုတ်ဘူး Jungkook!"
"ခင်ဗျားပြောရဲသေးတယ်နော်!!
နေစမ်းပါအုံး ခုနကကောင်နဲ့ကျုပ်ကဘာလို့လာတူနေတာလဲ!!အော့....အဲ့ဒါကြောင့် အပေါက်ဝကကောင်က ကျုပ်ကို CEO CEO ဖြစ်နေခဲ့တာကို...ခင်ဗျားသိလား!?"Seokjin;"ငါကဘယ်လိုလုပ်ပြီးသိမှာလဲ!"
"ခင်ဗျားကမသိပြန်တော့လည်းချက်ချင်းပဲ!!"
Seokjin;"ငါတကယ်ပြောနေတာ Jungkook
မသိဘူး! မင်းနဲ့တူလို့ငါသူ့ကိုတောင် မင်းအထင်နဲ့မှားခဲ့သေးတယ်!!""ကျုပ်နဲ့တူတယ်ဆိုပြီး ခင်ဗျားအလွယ်ရောလိုက်ပြန်တာလား!!?"
Seokjin;"မဆိုင်တာတွေကို ခေါင်းစဉ်တပ်မပြောစမ်းနဲ့ Jungkook...ငါချစ်တာမင်းတစ်ယောက်တည်း မင်းနဲ့တူတဲ့လူနဲ့ဆုံဖြစ်ခဲ့ရင်လည်း ငါချစ်တာမင်းပဲ!!ရှင်းနေတာကို ဘာလို့ရှုပ်အောင်လုပ်နေရတာလဲ...!အဲ့တာကြောင့် မင်းငါ့ကိုသံသယဝင်ပြီးပြောချင်တာပြောနေတာတွေရပ်တော့..!!ငါဝန်ခံတယ် သူ့ကိုမင်းအထင်နဲ့ လက်ဆွဲဖူးတယ် အဲ့လောက်ပဲ..!!"
YOU ARE READING
Opposite Love 🔄(Complete)
Fanfictionကျုပ်ဘဝကမကြီးကျယ်ပေမယ့် ကျုပ်အချစ်ကတော့ကြီးကျယ်ခမ်းနားတယ်..~