Part-28💢(Final)

4.2K 303 59
                                    

Unicode;

ကလေးလေးဟာအခုဆိုတော်တော်လေးကိုနေပြန်ကောင်းနေပြီ~အရင်လိုဆိုင်ကယ်လည်းမစီးတော့သလို သူ့ကိုလည်းသူများတွေနဲ့အရင်ကလောက်အူမတိုတော့ဘူး~

သူ့သူငယ်ချင်းဖြစ်သူဟိုမင်းနဲ့ ကလေးလေဟာအရင်နဲ့မတူဘဲအဆင်ပြေလာကြသည်...Hawaiiသွားဖို့တောင်သူတို့ချိန်းဆိုထားခဲ့ကြသေးတာ...

.

ကလေးလေးကအခုဆိုသူ့ဆိုင်ရဲ့ Counterမှာထိုင်ပြီးငွေကိုင်လုပ်နေတယ်လေ...ဆိုင်ကဝန်ထမ်းတွေနဲ့လည်းအရင်ကလိုမဟုတ်ဘဲ ကလေးလေးနဲ့တော်တော်လေးကိုအဆင်ပြေတာကြောင့် Seokjin ပျော်မိသည်...

___

ကားသော့လေးကိုဝေ့ရမ်းကာ ဆိုင်ထဲဝင်လာတော့ Counterက ကလေးလေးကခပ်ဆောင့်ဆောင့်အော်ခေါ်လာသည်...

"ကိုကို...!"

Seokjin ငွေရှင်းကောင်တာနားသွားကာစကားဆိုလိုက်သည်...

"ပြောလေ..မောင်ရဲ့..."

Jungkook‌;"မောင့်ကိုလေ ခုနကိုကိုမရှိတဲ့အချိန်တုန်းကကောင်မလေးတစ်ယောက်လာမေးတယ်သိလား...ဆိုင်ရှင်အစ်ကိုကြီးဘယ်သွားလဲ ဆိုပြီး.."

"အဲ့တော့မောင်ကဘာပြန်ပြောလိုက်တုန်း..."

Jungkook;"သူ့ယောက်ျားပဲရှိတယ်လို့ပြောလိုက်တယ်...တကယ်စိတ်တိုလိုက်တာ..သူ့ခေါင်းကိုရိုက်ခွဲချင်စိတ်ပါပေါက်တယ်..."

"ကလေး~အဲ့လိုစိတ်လိုက်မာန်ပါမလုပ်ရဘူး မတွေးရဘူးလို့ပြောထားတယ်လေ...နောက်ခါစိတ်ကိုလျှော့ထား...ကိုကို့ကိုချစ်တယ်ဆို ကိုကိုပြောသလိုပဲနေရမယ်..."

Jungkook;"ဟုတ်...."

ငြိမ်ကျသွားတဲ့ကလေးလေးကြောင့် ဆော့ဂျင်‌ပြုံးမိသွားသည်...

အရင်ကကလေးဆိုးလေးသာဆိုအခုနေသူ့ကိုခွန်းတုံပြန်ပြီး အော်ငေါက်နေမှာအသေချာပင်~

"လိမ္မာတယ်...."

Jungkook;"ကိုကိုသာ မောင့်ကိုချစ်မယ်ဆိုလိမ္မာဖို့ကြိုးစားနေမယ့်ကောင်ပါ...ဒါပေမယ့်ထားသွားရင်တော့..."

Seokjin;"ထားသွားရင်ဘာဖြစ်တုန်း..."

Jungkook"သတ်ပြစ်မှာ..!"

Opposite Love 🔄(Complete)Where stories live. Discover now