(Ep-4)

8K 484 9
                                    

Unicode
💌💌💌

"ရှိန် ... မင်းပြောတဲ့ ရွာက
မရောက်သေးဘူးလား"

"ငါတို့ ဒါကြီး စီးနေတာ
နာရီဝက်လောက်ရှိပြီနော်... "

"အေးလေ ... အလာတုန်းကလည်း
တစ်ဖက်ကမ်းကူးဖို့ ဆိုင်ကယ်စီးရသေး
တယ်။ ဟိုဘက်ကမ်းရောက်လို့ စက်လှေပေါ်က ဆင်းတော့လည်း ရော က်ပြီလားမှတ်တယ်...
အခုဒါကြီးထပ်စီးရပြန်ပြီ"

ညတုန်းက ဂုဏ် သူ့ ဦးလေးဆီ ဖုန်းဆက်လိုက်သည့်အခါ ဦးတို့လည်း မနက်ဖြန် မနက်ရန်ကုန်ကနေ
ပြန်ဆင်းလာမှာ ... ဂေဟာကို ရောက်အောင် သွားပြီး ကြိုစောင့်နှင့်ကြ ဟု ပြောသည်။

ထို့ကြောင့် ဂုဏ်တို့ သူငယ်ချင်းအုပ်စု Hotel တွင် မနက်စာစားပြီးတာနှင့် ဦးလေး လမ်းညွှန်မူ့အတိုင်း ဂေဟာရှိရာ ထွက်လာခဲ့ကြသည်။ ဂုဏ် တို့ အရင်ဆုံးကမ်းကူးဖို့အတွက်စက်လှေဆိပ်ကို Hotel ကနေ ဆိုင်ကယ်ဖြင့် သွားရသည်။ ထို့နောက် စက်လှေစီးကာတစ်ဖက်ကမ်းကူးပြီးသည့်အခါတွင်လည်း ရွာဆီ ရောက်ဖို့ သုံးဘီးဆိုင်ကယ် ထပ်စီးရ၍ ဂုဏ် သူ
ငယ်ချင်းတွေ ညည်းနေကြတာပင်။

"မင်းတို့ကလည်း ဒါတောင်
ငါ့ဦးလေးက အသက်သာဆုံးနည်းကို
လမ်းညွှန်ပေးလိုက်တာနော်"

"ဘယ်လို... ဒါ ...
အသက်သာဆုံး နည်း
ဟုတ်လား ရှိန်"

"ဟုတ်တယ် ... တကယ်လို့ ခုလို
အဆင့်ဆင့်မလာဘဲ ဟိုတယ်ကနေ
တန်းသွားမယ်ဆိုရင် အနည်းဆုံး
၃ နာရီလွဲ ၄ နာရီလောက် ကြာမှာတဲ့"

"ဟာ ... အဲ့လောက်ဝေးတဲ့နေရာကို
မင်း ဘယ်လိုစိတ်ကူးမျိုးနဲ့
သွားချင်ရတာလဲ...ပြီးတော့ ဒါကြီး
စီးတာ မင်းဖင်မနာဘူးလား"

"နာတာပေါ့ ... ဒါပေမယ့် ငါ က
တုတ်တုတ် ကို ဒီလိုပုံစံမှန်းမှ
သိမှမသိတာ ... ကားလိုပဲ ဇိမ်နဲ့
အေးဆေးစီးရမယ် ထင်လို့ပေါ့"

"အေး ... အခုရော ဇိမ် ရှိရဲ့လား"

"ဟင့်အင်း ... တစ်ချက် တစ်ချက်
ခုန်လိုက်ရင် အီစိမ့်သွားတာပဲ"

"ဟား... ဟား... ဟားးး"

ရှုံ့မဲ့မဲ့ ပြန်ဖြေလာတဲ့ ဂုဏ် ပုံစံ ကို ကြည့်ပြီး ထန်သစ် နဲ့ ကျန်တဲ့ သူငယ်ချင်းများက တဟားဟားနဲ့ ထရယ်ကြပါတော့တယ်။ အဲဒီလိုနဲ့ ဂုဏ်တို့တွေ စကားတပြောပြောနဲ့ ဆက်စီးလာခဲ့ရာ ခဏကြာတော့ သုံးဘီး ဆိုင်ကယ်က ရပ်သွားခဲ့တယ်။ ပြီးနောက် မောင်းတဲ့လူကြီးက ရောက်ပြီ ဆင်းတော့ဆိုပြီး ပြောလို့
ဂုဏ် တို့ အုပ်စုလည်း ကိုယ်စီလွယ်အိတ်လေး လွယ်ကာ သုံးဘီးပေါ်က အောက်ကို ဆင်းရပ်ကြတယ်။

ကျွန်တော်ချစ်သော အစ်ကို "မွေ့" (Complete)Where stories live. Discover now