ကျွန်တော်ချစ်သောမွေ့ (Ending)

5.8K 184 15
                                    

တစ်ပတ်ကြာပြီးနောက် ၊ ရုံးပိတ်ရက်တစ်ရက်မှာ
ဂုဏ်နတ်ရှိန် အိပ်ယာထဲ မှောက်ယက်
အနေအထားနဲ့ အိပ်ပျော်နေတယ်။ ခဏကြာတော့
ကုတင်ဘေးက စားပွဲပေါ်ရှိ ဖုန်း အသံ
ထမြည်လာလို့ ဂုဏ်နတ်ရှိန် လန့်နိုးသွားခဲ့တယ်။
ပြီးနောက် အိပ်ချင်မူးတူးနဲ့ ဖုန်းလှမ်း
ယူကြည့်လိုက်တော့ ဒေါ်မေမိုး ဆီက အဝင် Call
ဖြစ်နေလို့ ဂုဏ် ကိုင်လိုက်ပါတယ်။

"Hello... "

"တူလေးရှိန် အခု ဘယ်မှာလဲ"

"ကွန်ဒိုမှာပေါ့..."

"အဲဒါဆို တံခါးထဖွင့်ပေးဦး"

"ဗျာ... "

"ဒေါ်လေး အခန်းဝ ရောက်နေပြီ"
တူလေး ရှိန် Pin နံပါတ် ပြောင်းထားသေးလား
အရင် နံပါတ် က ဖွင့်လို့ မရဘူး"

"ဟုတ်တယ်...  အသစ်ပြောင်းထားတာ ...
ဘာပါလိမ့် ... အစ်ကိုမွေ့ ရဲ့ မှတ်ပုံတင် ...
အာ ...မဟုတ်ပါဘူး... ​ကျွန်တော် ဘဲ
လာဖွင့်ပေးတော့မယ်... ခဏစောင့်ဦး"

ဂုဏ်နတ်ရှိန် ပါးစပ်က ရုတ်တရက်
ထွက်သွားပြီးမှ ချက်ချင်း ပြင်ပြောလိုက်တယ်။
ပြီးနောက် သူကိုယ်တိုင် ထဖွင့်ပေးမယ်
လို့ပြောပြီး အိပ်ယာက အမြန်ထရပ်လိုက်တယ်။

"ဒေါ်လေးရှင်... အစောကြီးပါလား"

ဂုဏ် တံခါးဖွင့်ပေးပြီးတော့ မေးလိုက်တာပါ။

"ဘယ်က စောရမှာလဲ
၁ဝ နာရီတောင် ခွဲနေပြီ"

"ညက ထန် တို့ နဲ့ သွားသောက်တာ
အပြန်နောက်ကျတယ်လေ
ခုမှ အိပ်ကောင်းတုန်း ရှိသေးတယ်"

"ဟယ်... ဒါက ဘယ်လိုဖြစ်ရတာတုန်း"

ဒေါ်မေမိုး အိမ်ထဲဝင်ဝင်ချင်း တွေ့လိုက်ရတာက
ဧည့်ခန်း စားပွဲခုံပေါ်ရှိ ဘီယာဘူးတွေပါ။
ပြီးနောက် တစ်ရှုူးနဲ့မုန့်ထုပ်တွေကလည်း ကြမ်း
ပြင်မှာ ဟိုတစ်စ၊ ဒီတစ်စ ပွကျဲနေတယ်။
ဒါကြောင့် ဒေါ်မေမိုးမျက်နှာမဲ့ပြီးမေးလိုက်တယ်။

"ဟီး ... ညက ပြန်လာတော့ ထပ်
သောက်ထားတာ ... အဲဒါ မူးပြီး တန်းအိပ်
ပျော်သွားတာနဲ့ မရှင်းရသေးဘူး"

"တော်ရုံပဲသောက်ပါ တူလေးရယ်...
ကြည့်ပါဦး အများကြီးပဲ...
တော်ကြာကျန်းမာရေး ထိခိုက်မယ်"

ကျွန်တော်ချစ်သော အစ်ကို "မွေ့" (Complete)Место, где живут истории. Откройте их для себя