ကျွန်တော်ချစ်သောမွေ့ (S2_7)

2.2K 149 3
                                    


"တောင်းပန်ပါတယ် သူငယ်ချင်း
တို့ရာ ... ငါမလိုက်ဖြစ်တော့
တာကို နားလည်ပေးကြပါနော်..."

ဂုဏ် တစ်ယောက် လေဆိပ်တွင် သူ Paris
မလိုက်ဖြစ်တော့တာကြောင့် ​သူငယ်ချင်း
တွေကို တောင်းပန်နေတာ ဖြစ်သည်။ မနေ့
မနက်ထဲက ဂုဏ် ကြိုပြောခဲ့သော်လည်း
ထန် တို့ မျက်နှာတွေ မကောင်းကြပေ။ သို့
သော် သူငယ်ချင်းဖြစ်သူက အရင်လို လူ
လွတ် မဟုတ်ဘဲ ချစ်သူရနေပြီ ဖြစ်၍ နော
က်ဆုံးတွင် အားလုံးနားလည်ပေးခဲ့ကြသည်။

ထို့နောက် တစ်ပတ်အကြာတွင် စင်ကာပူ
လေဆိပ်၌ အားလုံးပြန်ဆုံကြမယ်ဟုပြော
ကာ ဂုဏ် တို့ သူငယ်ချင်းလေးယောက်
ဖက်လိုက်ကြသည်။ မိနစ်ပိုင်းအကြာ Par
is ကို ထွက်မည့်ခရီးသည်တွေ လေယာ
ဥ်ပေါ်တက်ရန် သတိပေးသံထွက်လာ၍ ထ
န်တို့ သုံးယောက်လည်း ဂုဏ်နှင့် ဇာနည်
ကို လက်ပြနှုတ်ဆက် ထွက်သွားခဲ့သည်။

🛫🛫🛫🛫🛫🛫🛫🛫🛫🛫🛫🛫🛫

ထန် တို့ လေယာဥ်ပေါ်တက်သွားတော့
ဂုဏ် နဲ့ ဇာနည် လဲ ကားဆီပြန်သွားပြီး
လေဆိပ်အပြင်ကို မောင်းထွက်လာခဲ့
တယ်။

"ညီချေ ..."

"ဗျာ ...အကိုမွေ့"

"ကျေးဇူးတင်ပါတယ်နော်"

"ဘာအတွက်လဲ အကိုမွေ့ရဲ့"

"သူငယ်ချင်းတွေနဲ့ ပဲရစ် ကို
မလိုက်သွားဘဲ အကို
နားမှာ အခုလို ရှိနေပေးလို့ပါ"

ဂုဏ် တစ်ချက်ပြုံးသွားပြီး ဇာနည် ရဲ့
လက်တစ်ဖက် ကို လှမ်းကိုင်လိုက်​တယ်။

"ရှိနေရမှာပေါ့ ... ကျွန်တော်မှ
အကိုမွေ့ကို မခွဲနိုင်တာ"

ဇာနည် တစ်ယောက် ဂုဏ် အဖြေကို
သဘောတွေကျပြီးပြုံးလိုက်ပါ
တယ်။ အဲဒီအချိန်မှာ ဇာနည် လက်
ဖမိုးကို ဂုဏ် က အမြတ်တနိုး ငုံ့
နမ်းဖို့လုပ်တယ်။ ဒါပေမယ့် ဇာနည်
ကလက်ကို ရုန်းလိုက်တာမို့ ဂုဏ်
မနမ်းလိုက်ရပါ။

"အော်... ညီချေ
ကားကို ရှေ့ကြည့်မောင်းလေ"

ရှက်ကိုးရှက်ကန်းနဲ့ ပြောလာတဲ့ ဇာနည်
ရဲ့မျက်နှာလေးကို ​မြင်လိုက်တော့
ဂုဏ် ပြုံးရယ်လိုက်ပါတယ်။ အဲဒီလိုနဲ့
ဆက်မောင်းလာခဲ့ရာ လမ်းတစ်ချိုး
အရောက် ဇာနည်က ဘေးပတ်ဝန်းကျင်
ကြည့်ပြီး မေးလာပြန်တယ်။

ကျွန်တော်ချစ်သော အစ်ကို "မွေ့" (Complete)Where stories live. Discover now