ကျွန်တော်ချစ်သောမွေ့ (S2_14)

2K 114 3
                                    


"အားလုံးပဲမင်္ဂလာပါ ... ကျွန်တော်နာမည် က
ဂုဏ်နတ်ရှိန် ပါ ... မကြာသေးခင် ကမှ
Us မှာ စီးပွားရေး ဘွဲ့ယူပြီး ရန်ကုန်မှာ အချေ
ချဖို့ ကျွန်တော် ပြန်လာခဲ့တာပါ ... အခု
လို ရှယ်ယာရှင်တွေနဲ့ တွေ့ဆုံခွင့်ရတဲ့ အတွက်
လည်း ကျွန်တော် အရမ်းဝမ်းသာပါတယ်"

"ဒီနေ့ Meeting ခေါ်လိုက်ရတဲ့အကြောင်း
အရင်း​ကတော့ ဒီ ကုမ္မဏီ ရဲ့ Main Founder
ဖြစ်တဲ့ ကျွန်တော် Daddy ဦးနတ်ဂုဏ်ရှင် က
လက်ရှိမှာ အရေးကြီးကိစ္စနဲ့ ပြည်ပရောက်နေတ
ယ် ဆိုတာ အားလုံးလည်း သိပြီးသားဖြစ်မှာပါ။
ပြီးတော့ ကုမ္မဏီ မှာ လစ်ဟာနေတဲ့ CEO နေရာ
ကို သားဖြစ်တဲ့ ကျွန်တော် ဂုဏ်နတ်ရှိန် ဆီ လွဲ
ပြောင်းပေးမယ့်အကြောင်းလည်း အားလုံးကို M
ail နဲ့ တကွ Daddy ဘက်မှ အကြောင်းကြား
ထားပြီးပြီလို့လည်း သိရပါတယ်"

"အမှန်တော့ ကျွန်တော် ပြန်လာရင် Daddy
လက်အောက်မှာ အလုပ်အရင်ဝင်လုပ်ပြီး
ကုမ္မဏီ အကြောင်း လေ့လာဖို့ စဥ်းစားထား
ခဲ့တာပါ... ဒါပေမယ့် အခြေအနေ အရ ခု
လို ဖြစ်လာတော့လည်း ကျွန်တော်အနေနဲ့အ
လောတကြီး တာဝန်လွှဲပြောင်းယူဖို့ ဖြစ်
လာခဲ့တယ်ပေါ့ ... ဒီတော့ ကျွန်တော် အဓိက
ပြောချင်တာက ရှယ်ယာရှင်များအနေနဲ့
အခုလို Daddy နေရာမှာ ကျွန်တော် အစား
ထိုး တာဝန်ယူမယ့် အပေါ် သဘောတူ
ပါသလား။ အဲဒါကို ကျွန်တော် သိချင်ပါတယ်။

အမှန်ဆိုရင် Main Founder ဖြစ်တဲ့ ဦး
နတ်ဂုဏ်ရှင် စကားကို ဘယ်သူမှ
မလွန်ဆန်ရဲပါ။ ဒါပေမယ့် ဂုဏ် က သူ CEO
နေရာ လွဲပြောင်းယူမယ့် အပေါ်
တခြားသူတွေရဲ့အမြင်ကိုပါ မေးလာလို့ အစ
ည်းအဝေးခန်းထဲရှိ လူအားလုံး
အံ့သြသွားခဲ့ကြတယ်။

"ဘာလို့ ကျွန်တော် ဒီမေးခွန်းကို မေးရသလဲ
ဆိုရင် ကျွန်တော်အပေါ် ယုံကြည်မူ့ ရှိတဲ့
သူတွေနဲ့ပဲ ကျွန်တော် အလုပ်တွဲလုပ်ချင်လို့
ပါ။ ပြီးတော့ ကျွန်တော် အနေနဲ့ ကုမ္မဏီ
ကို Daddy ဦးဆောင်စဥ်ကထက် ချက်ချင်း
ကြီး ပိုအောင်မြင်အောင်လိုတော့ မလုပ်
နိုင်ပါဘူး။ ဒါပေမယ့် လက်ရှိ ပုံမှန်လည်ပတ်
နေတဲ့အတိုင်း ကုမ္မဏီ ရဲ့ အကျိုးအမြတ်
မလျော့သွားစေဖို့ကိုတော့ ကျွန်တော် ဘက်က
အာမခံပါတယ်... ဒီတော့ ကျွန်တော် ကို
ယုံကြည်တဲ့သူမှ ကျွန်တော် နဲ့ လက်တွဲဖို့ ဆုံး
ဖြတ်ပေးပါ။ တကယ်လို့ မယုံလို့ ဆက်
ပြီး လက်မတွဲချင်ဘူးဆိူလည်း ပွင့်ပွင့်လင်း
လင်း ပြောပြီး လမ်းခွဲနိုင်ပါတယ်။

ကျွန်တော်ချစ်သော အစ်ကို "မွေ့" (Complete)Where stories live. Discover now