(Ep-5)

8K 485 33
                                    

Unicode
💌💌💌

ဂုဏ်ရှိန်ဂေဟာ ဆိုတာ ၃ထပ်တိုက် အိမ်ကြီး
ဖြစ်သည်။ အောက်ဆုံးတွင် မူကြိုအရွယ်
နှင့် မူလတန်းကလေးတွေ အတွက် နားနေခ
ခန်း၊ စာသင်ခန်းများ ရှိသည်။ ဒုတိယထပ်
တွင် အလယ်တန်းကလေးတွေ၏ နားနေ
ဆောင် နှင့် စာသင်ခန်းများထားရှိပါသည်။
ယခင်က လူဦးရေများတာကြောင့် ညာ
ဘက်တွင် ယောင်္ကျားလေး အဆောင်၊ ဘယ်
ဘက်၌ မိန်းကလေး အဆောင်ဟူ၍ ခွဲ
ထားသည်။ သို့သော် ဒီနှစ်ထဲတွင် အထက်
တန်းကျောင်းသား၊သူတွေ နည်း၏။
ထို့ကြောင့် အပေါ်ဆုံးထပ်ကို ဘုရားခန်း နှင့်
ယောင်္ကျားလေး အဆောင် အဖြစ်
ထားကာ ဒုတိယထပ်တွင် မိန်းကလေး သီး
သန့် အဆောင် လုပ်လိုက်သည်။
ယောင်္ကျားလေးတွေ အောက်ဆင်းလျှင် အ
ပေါ်ဆုံးထပ်၏ နောက်ဖေးကြော
င်အိမ်လှေခါးကို အသုံးပြု၍ဆင်းရသည်။

ဒါ ဂုဏ်ရှိန် ဂေဟာတိုက်အဟောင်းတွင် ရှိသော
စာသင်ခန်း နှင့် အဆောင်တွေဖြစ်သည်။ ထို
ဂေဟာ ၏ အနောက်ဘက်တွင် ဆောက်လက်စ
တိုက်ကြီးတစ်တိုက်လည်းရှိသေးသည်။ သို့
သော် မပြီးသေး၍ မြေညီထပ်ကို ယာယီ ထမင်း
စားဆောင်အဖြစ် သတ်မှတ်ထား၏။

ဂေဟာအဟောင်း နဲ့ ဆောင်လက်စတိုက်ကြား
လမ်းခွဲနှစ်ခုရှိပါတယ်။ ညာဘက်လမ်းခွဲ
မှာ သစ်သားနဲ့ ဆောက်ထားတဲ့ ယင်လုံ အိမ်သာတစ်လုံး ရှိတယ်။ ဘယ်ဘက်ခြမ်းမှာတော့
ဆောက်လက်စတိုက်အနောက်ဘက်ကို သွားလို့
ရမယ့် လမ်းချိုးလေး ရှိပါတယ်။

ဂွီး... (ဗိုက်ထဲက မြည်သံ)

"အား...ဗိုက်နာလိုက်တာကွာ
အရေးထဲ ချီးကလည်း မထွက်ဘူး"

သစ်သားယင်လုံ အိမ်သာထဲက မွေ့ဇာနည်
၏ အသံပင်။ နေရာ၊ဒေသအပြောင်းအလဲ
ဆို မွေ့ဇာနည်း အကျင့်က အိမ်သာအဆင်
မပြေ၍ လေအောင့်တာမျိုး အမြဲ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ဘိုထိုင် အိမ်သာ
နှင့် မွေ့ဇာနည်  သိပ်အသားမကျလို့ပေ။ ထို့​
ကြောင့် ဆောက်လက်စ တိုက်နောက်က
အိမ်သာတွေကို မသုံးဘဲ ဂေဟာအဟောင်း
နောက်နားတွင်ရှိသော ယင်လုံအိမ်သာထဲ
သို့ ဇာနည် ရောက်နေတာ ဖြစ်သည်။

ထိုအိမ်သာ၏ သက်တမ်းက ဇာနည် အသက်
ထက် ပိုကြီးတာကြောင့် ဟောင်းနွမ်း
ကာ ဘေးနံရံများလည်း အနည်းငယ်ပျက်စီး
နေပြီ။ သို့သော် မွေ့ဇာနည် ဂေဟာကို
စရောက်ထဲက အဲဒီ အိမ်သာကို သာ စွဲသုံးလာ
ခဲ့တာ ဖြစ်သည်။

ကျွန်တော်ချစ်သော အစ်ကို "မွေ့" (Complete)Opowieści tętniące życiem. Odkryj je teraz