ကျွန်တော်ချစ်သောမွေ့ (S2-12)

2.1K 125 7
                                    


ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌
နိုင်ငံအသီးသီးက ခရီးသွားဧည့်သည်များ၊
ဧည့်ကြိုများနှင့် စည်းကားနေလေသည်။
ဂုဏ် တို့ စင်ကာပူမှာ ၃ ရက်နေပြီးနောက်
ထန်၊ ခေတ်သစ်ပိုင်၊ဟန်မင်ရောင် တို့နှင့်
အတူ ရန်ကုန်သို့ ပြန်လာခဲ့ကြသည်။

"ဒေါ်လေးရှင်... "

ဂုဏ် တစ်ယောက် လာကြိုတဲ့ အဒေါ်
ဖြစ်သူကို တွေ့တော့ ဝမ်းသာအား
ရနဲ့ ပြေးဖက်ပါတော့တယ်။

"သား ဒေါ်လေးရှင်ကို လွမ်းနေတာ"

"ဒေါ်လေးလည်း တူလေးရှိန်ကို
လွမ်းနေတာပါတော်... "

တူကြီးနှစ်ယောက်အလွမ်းသယ်နေတာကို
ဘေးမှာပါလာတဲ့ ညိုဇော် က ဇာနည် နဲ့
အတူ ပြုံးပြီးရပ်ကြည့်နေပါတယ်။ အဲအချိ
န်မှာ ထန်၊ခေတ်သစ်ပိုင် နဲ့ဟန်မင်းရောင်
တို့လည်း သူတို့မိဘတွေကို ပွေ့ဖက်နှုတ်ဆ
က်နေကြတယ်။ ပြီးနောက် အချင်းချင်းနှုတ်ဆက်ပြီး ဂုဏ် တို့တွေ အိမ်ပြန်ဖို့ ကား
ဆီကို ထွက်လာခဲ့ပါတယ်။

"တူလေးရှိန်... "

အိမ်အပြန်လမ်း Arafat ကား အနက်ရောင်ထဲ ဒုတိယတန်းမှာ ထိုင်နေတဲ့ ဒေါ်လေးရှင် က စကားစလိုက်တာပါ။ ဒေါ်လေးရှင် ခေါ်တော့ အနောက်တန်းမှာ ဇာနည် နဲ့ အတူထို
င်နေတဲ့ ဂုဏ်နတ်ရှိန် က ပြန်ထူးလာပါတယ်။

"ဗျာ... ဒေါ်လေးရှင်"

"ညိုဇော် ကို အိမ်ပဲ
မောင်းခိုင်းလိုက်ရမလား"

"ကျွန်တော် နဲ့ အကိုမွေ့ က
 ကွန်ဒို မှာပဲ သွားနေမှာလေ ဒေါ်လေးရှင်"

"အော်...အင်းပါ... ဒေါ်လေးက
ဒီဘက်အိမ်မှာ လူလည်းမရှိတော့
သားတို့ ခြံထဲများ လွတ်လွတ်လပ်
လပ်နေချင်မလားလို့ မေးကြည့်
တာပါ။ ပြီးတော့ မနေ့ဖြန် နေ့လည်
လောက်သား ရဲ့ ဦးငယ် တို့လည်း
ရန်ကုန် ရောက်မှာလေ။ အိမ်မှာပဲ တ
ည်းကြမှာ"

"အော်... ဟုတ်သားပဲ ..."

"ပြီးတော့ မောင်ဇာနည် ရဲ့ ပစ္စည်း
တချို့လည်း အဲဒီအိမ်
ဘက်မှာ ကျန်နေသေးတယ်မလား"

ဒေါ်လေးရှင် စကားကြောင့် ဇာနည် မျက်နှာ
အနည်းငယ် ပျက်သွားပါတယ်။ ဒါပေ
မယ့် ဘေးက ဂုဏ်နတ်ရှိန် ကြည့်နေတော့ ...

ကျွန်တော်ချစ်သော အစ်ကို "မွေ့" (Complete)Where stories live. Discover now