(Ep-6)

7.2K 448 4
                                    

Unicode
💌💌💌

"သား ... သားရှိန်... သားလေး"

ဂုဏ် တစ်ယောက် ကုတင် တစ်လုံးပေါ် အိပ်
မောကျနေသော်လည်း နားမှ သူ့ နာမည်
ခေါ်သံကိုကြားနေရသည်။ ခဏအကြာ ဂုဏ်
အိပ်ယာမှ ရုတ်တရက် လန့်နိုးလာခဲ့ကာ
ထထိုင်လိုက်သည်။ သို့သော် တစ်ခန်းလုံးအ
မှောင်ဖုံးနေ၍ ဂုဏ် ဘာမှ သဲသဲကွဲကွဲ မ
မြင်ရပေ။

"သားရှိန်... "

"ဘယ်သူလဲ... "

"မေမေပါ... "

တစ်ဖက်က "မေမေ ပါ" လို့လည်း ဆိုရော
ဂုဏ် ရုတ်တရက် မတ်တပ်ထရပ်လိုက်တယ်။

"မေမေ ဘယ်မှာလဲ"

"သားနောက်မှာလေ"

ဂုဏ် ရဲ့ ကျောပြင်ဝယ် ချမ်းစိမ့်စိမ့်လေး ခံစား
လိုက်ရပြီး ကျောက်ရုပ်သဖွယ် တောင့်
တောင့်ကြီးဖြစ်သွားပါတယ်။ ခဏကြာမှ မျက်
လုံးလေး ကလယ် ကလယ် နဲ့ ဂုဏ် တစ်
ယောက် အနောက်ကို လှည့်ကြည့်လိုက်တယ်။

အဖြူရောင် ဝတ်စုံနှင့် ရပ်နေသော
အမျိုးသမီးတစ်ဦး။

"မေမေ... "

ဂုဏ် တစ်ယောက် ဒေါ်မေလွင်ကို တွေ့သည့်
အခါ ဝမ်းသာအားရနှင့် ပြေးဖက်တော့သည်။

"သား...မေမေ ကို သတိရနေတာ"

"မေမေလည်း သားရှိန် ကို
သတိရပါတယ်... ပြီးတော့ သား ဒီကို
ရောက်လာတဲ့အတွက်ရော
မေမေ သိပ်ပြီး ဝမ်းသာတယ် သိလား"

"ဗျာ ... မေမေ ဘာကို
ပြောတာလဲ... သားနားမလည်ဘူး"

"အော်...ဒီလိုလေ...သား ဂုဏ်ရှိန်ဂေဟာ
ကို ရောက်လာတဲ့အတွက်
မေမေ က ဝမ်းသာတယ်လို့ ပြောတာပါ"

"မဟုတ်ဘူးလေ... သားက အခု
ငပလီကိုပြန်ရောက်နေပြီ"

"မေမေ သိပါတယ် ... အခု မေမေ က
အရေးတစ်ကြီးပြောစရာရှိလို့
သား နဲ့ အိမ်မက်ထဲမှာ လာတွေ့တာ"

ဒေါ်မေလွင် စကားကြောင့် ဂုဏ် ဘာပြန်
ပြော၍ပြောရမှန်း မသိဖြစ်ကာ အံ့သြနေသည်။

"သားရှိန်... "

"ဗျာ"

"မေမေ သားကို ပြောစရာရှိတယ်...
သားသေချာနားထောင်နော်"

ကျွန်တော်ချစ်သော အစ်ကို "မွေ့" (Complete)Where stories live. Discover now