(Ep-10)

6.4K 392 20
                                    

ဘုရားလေးနားရောက်သောအခါ ဇာနည် က
ပိတောက်ပင်ကြီးအောက်တွင် စက်ဘီး
ဘေးကပ်ရပ်လိုက်သည်။ ထို့နောက် ဘုရား
လေးဘေးတွင်ရှိသော အိမ်ဆိုင်လေးသို့
ဇာနည် ရှေ့က ဦးဆောင်လျှောက်သွားခဲ့၏။

"ဟယ် ... ဆရာလေးလာတယ်
သာလီစွပါ ဆရာလေး"

ဇာနည် တို့ ဆိုင်ရှေ့ရောက်သွားတော့ ဆိုင်ပိုင်ရှင်
အဒေါ်ကြီးက နှုတ်ဆက်လာတဲ့စကားဖြစ်တယ်။

"ဟူတ်ကဲ့ သာလီစွပါ
အန်တီငွေ နေကောင်းပါတယ်လား"

"နေကောင်းပါတယ် ဆရာလေး
ဆိုင်ဘက်မရောက်တာတောင်ကြာပြီနော်"

"ဟုတ်ပါတယ်ဗျ "

"ဒါနဲ့ ဘေးက ဘယ်သူပါလဲ"

"သူက ဦးစိုးငယ် ရဲ့တူပါ ...
ရန်ကုန် က ရောက်နေတာလေ"

"ကိုစိုးငယ် ရဲ့တူလား ... လူချောလေးပဲ
သားနာမည် ဘယ်လိုခေါ်ပါလဲ"

"ကျွန်တော်နာမည် ဂုဏ်နတ်ရှိန်ပါ"

"ဂုဏ်နတ်ရှိန် ဆိုတော့ ... "

"ဟုတ်တယ် အန်တီငွေ
သူက ဦးနတ်ဂုဏ်ရှင်ရဲ့သားပါ"

"ဟယ်...အဲတာကြောင့်တူပါတယ်
လို့ ကြည့်နေတာ... လတ်စသတ်တော့
အစ်ကိုကြီး ရဲ့ သားဖြစ်နေတာကို
ဒါနဲ့ အခုက အန်တီငွေဆိုင်မှာ ထမင်း
လာစားကြတာပေါ့ ဟုတ်လား"

"ကျွန်တော်က စားခဲ့ပြီးပါပြီအန်တီငွေ
သူစားဖို့ အတွက်ခေါ်လာပေးတာပါ"

"ဟုတ်ပြီ။ ဒါဆိုရင် အန်တီငွေ
ဟင်းသုံးလေးမျိုးလောက်လာချပေးပါမယ်"

"ဗျာ ... သုံးလေးပွဲ ဟုတ်လား။
ကျွန်တော်အဲလောက်မစားနိုင်ဘူးနော်"

"သိပါတယ် ... အန်တီက သား
ကြိုက်တာ စားလို့ရအောင်ချပေးတာ
ပြီးတော့ ပိုက်ဆံ မယူဘူးနော်။
အန်တီက သားကို အလကားကျွေးမှာ"

"အာ... အဲလိုမလုပ်ပါနဲ့ အန်တီရယ်...
အားနာစရာကြီး"

"ဘာအားနာစရာရှိလဲကွယ်
မင်းအဖေ က သိပ်ကောင်းတာ"

"ဗျာ... "

"အော် ... သိပ်သဘောကောင်းတာလို့
ပြောတာပါကွယ်...အစ်ကိုကြီး
လာရင် အမြဲ အန်တီဆိုင်မှာ စားနေကြ"

ကျွန်တော်ချစ်သော အစ်ကို "မွေ့" (Complete)Where stories live. Discover now