ကျွန်တော်ချစ်သောမွေ့ (S2_6)

2.4K 155 3
                                    

နောက်တစ်နေ့မနက် အာရုဏ်ဦးအချိန်တွင်
ဂုဏ် တို့ အုပ်စု HollyWood ကနေ ကွန်ဒိုသို့ ကားမောင်းပြီးပြန်လာခဲ့ကြသည်။

"အစ်ကိုမွေ့"

လမ်းတစ်ဝက်ရောက်သည့်အခါ ကားမောင်း
နေသော ဂုဏ် ဆီက စကားစလာတာပင်။

"ပြောလေ ဂုဏ်လေး"

"ခရီးမှာ ပျော်ရဲ့လား"

"အင်း ... ပျော်ပါတယ်"

"အကို​မွေ့ ကို ​နောက်ထပ် ပျော်စရာ
ကောင်းတာတွေ ဖန်တီးပေးဦးမှာ
ကျွန်တော်တို့ သဘက်ခါ မနက်ကျ
Paris ကို သွားကြမယ်နော်... "

"ဟို ... Paris ကိုလေ
ဘာသွားလုပ်မလို့ပါလဲ "

"အကိုမွေ့ ကို ဒီရောက်တုန်း
လိုက်ပို့ချင်လို့ပေါ့။ အမှန်ဆိုရင်
Daddy ကိုပါ ပါစေချင်တာ
ဒါပေမယ့် Daddy မှ အချိန်မပေး
နိုင်တာ ဘယ်တတ်နိုင်မလဲ "

"..."

"Daddy မပါလည်း အကိုမွေ့ရယ်
ကျွန်တော်ရယ် ၊ ပြီးတော့
နောက်က မင်း တို့ သုံးယောက်
ပါ လိုက်မယ်မဟုတ်လား"

"လိုက်မှာပေါ့... "

"ငါတို့ ရှေ့နှစ်ထဲက သွားဖို့ စီစဥ်နေတာကို
မင်းပဲ မင်း Daddy နဲ့ ကိုကြီးဇာနည် တို့
လာမယ့်နှစ်မှသွားမယ် ဆိုလို့ စောင့်နေတာ"

"ညီချေ ရို့က အဲဒီကိုသွားဖို့
အကိုနဲ့ဦးလေးကို စောင့်နေကြတာပါလား "

"ဟုတ််တယ် အကိုကြီး"

"ကျွန်တော်တို့က အကိုကြီးတို့လာမှ
နောက်တစ်ကြိမ်ထပ်ပြီးသွားလို့
ပြောတာကို အဲကောင် ဂုဏ် က ဘာ
ပြန်ပြောတယ်လို့ ထင်လဲ"

"အဲခရီးကို သူဘဝရဲ့လက်တွဲဖော်နဲ့
အတူသွားရမှ အဓိပ္ပါယ်ရှိမှာတဲ့လေ"

နောက်ခန်းမှာ ထိုင်နေတဲ့ သုံးယောက်ထဲက
ခေတ်သစ်ပိုင် ရဲ့ စကားကြောင့် ဇာနည်
သဘောကျပြုံးလိုက်မိပါတယ်။ ပြီးနောက်
ဂုဏ် ကို လှမ်းကြည့်တော့ လက်တစ်ဖက်
နဲ့ ဆံပင် ဖွကာ ရှက်ပြုံးပြုံးနေလေတယ်။

*********************************

ဂုဏ် တို့ အားလုံး နာရီပိုင်းလောက်အကြာ
တွင် ကွန်ဒို ကို ပြန်ရောက်လာခဲ့ကြသည်။
လမ်းတွင် စားသောက်ဆိုင်တစ်ခု၌ နေ့လ
ည်စာ ဝင်စားခဲ့ကြ၍ ပြန်ရောက်တာနှင့်တ
ပြိုင်နက် ကိုယ်စီ ကိုယ့်အခန်းထဲကိုယ်ဝင်
ကာ အနားယူကြလေသည်။ ခရီးပန်းလာ
တာကြောင့် ဂုဏ် နှင့် ဇာနည် တို့လည်း
ကိုယ်လက်သန့်စင်ကာ တစ်ချိုးတည်း အိပ်
ပျော်သွားခဲ့သည်။

ကျွန်တော်ချစ်သော အစ်ကို "မွေ့" (Complete)Where stories live. Discover now