(Ep-18)

4.7K 290 12
                                    

"အစ်ကိုမွေ့... "

မဏ္ဍပ်အနောက်က သစ်သားစားပွဲဝိုင်းမှာ
ထိုင်ပြီး မုန့်လုံးရေပေါ်ဝိုင်းကူလုပ်နေတဲ့
ဂုဏ် မှ ဇာနည် ကို ခေါက်လိုက်တဲ့အသံ။
အဲအချိန် ဇာနည် က ဘေးဝိုင်းမှာထိုင်ပြီး
လုပ်ပြီးသားမုန့်လုံးရေပေါ်ကို ပန်းကန်ထဲ
သေချာစီထည့်နေတယ်။ ဂုဏ် ခေါ်သံကြား
တော့ ဇာနည် က မုန့်လုံးရေပေါ်ထည့်ရင်း
လှည့်ကြည့်လာခဲ့တယ်။

"ဟေ..."

"ကျွန်တော် မုန့်လုံးရေပေါ်
စားချင်ပြီ... "

"စားချင်တာများ ဒီထဲကကြိုက်တဲ့
ပန်းကန်လာယူစားပေါ့... "

ဇာနည် ရှေ့က စားပွဲပေါ်မှာ ရှိတဲ့ မုန့်လုံး
ရေပေါ ပြုတ်ပြီးသားတွေထည့်ထားတဲ့ ပန်းကန်ကို
မေ့ငေါ့ပြပြီး ဂုဏ် ကို ပြန်ဖြေလိုက်တယ်။

"ဒီမှာ ကျွန်တော်က ဂျူံတွေ
ကိုင်ထားတော့ လက်ညစ်ပတ်နေတယ်"

"အော် ... လက်ညစ်ပတ်တာများ
ရေသွားဆေလိုက်ပေါ့ ... ဘာခက်တာ မို့လို့ပါလဲ"

"ဟို... ခက်တော့မခက်ပါဘူး
ဒါပေမယ့် ထဆေး
ရမှာ အလုပ်တွေ ရှုပ်လို့ပါ"

"အဲတော့... "

"အဲတော့ အစ်ကိုမွေ့
ကျွန်တော်ကို ခွံကျွေးပါလား"

"ဘာ... "

"အာ... အစ်ကိုမွေ့ကလဲ
ဖြေးဖြေးပြောပါ... လန့်သွားတာပဲ
ဘာလဲ... အစ်ကိုမွေ့က
ကျွန်တော်ကို ခွံမကျွေးချင်ဘူးပေါ့ "

"ဂုဏ်နတ်ရှိန် ... မင်းဘာဖြစ်ချင်နေတာပါလဲ"

"ဘာမှမဖြစ်ချင်ပါဘူး ... အစ်ကိုမွေ့
ခွံကျွေးတာကိုစားချင်ရုံပါ ဟဲဟဲ"

ဂုဏ် စကားကိုကြားပြီး ဘေးမှာရှိတဲ့ ထွန်းလတ်နဲ့
ညိုဇော် တို့ပါ ပြုံးစိစိဖြစ်သွားကြတယ်။
အဲတာနဲ့ ဇာနည် က "ရတယ် ... ခွံကျွေးမယ်" လို့ ပြောပြီး ထိုင်ရာက ထရပ်လိုက်တယ်။ ပြီး
နောက် စားပွဲပေါ်ရှိ မုန့်လုံးရေပေါ်ပြုတ်ပြီးသား
ပန်းကန်ကို ရွေးယူလိုက်တယ်။

"မင်းက တကယ်ပဲ
ငါခွံကျွေးတာ စားချင်တယ်ပေါ့"

"ဟုတ်... စားချင်တယ်"

ကျွန်တော်ချစ်သော အစ်ကို "မွေ့" (Complete)Where stories live. Discover now