ကျွန်တော်ချစ်သောမွေ့ (S2_15)

2.1K 117 7
                                    


ဒီ​နေ့က ဂုဏ် အလုပ်ဝင်တာ တစ်လပြည့်တဲ့နေ့၊
လကုန်ရက်ရောက်ပြီမို့ ရုံးခန်းထဲမှာ ဇာနည်
လစာစာရင်းစစ်နေတယ်။ ခဏအကြာ ဇာနည်
မှ စာရင်းစစ်ပြီးတော့ ဂုဏ် ထိုင်နေတဲ့အလု
ပ်စားပွဲရှေ့ကို ဖိုင်တွဲယူပြီး လျှောက်လာခဲ့တယ်။

"ညီချေ ... ဒီလအတွက် ဝန်ထမ်းတွေကို လစာ
ထုတ်ပေးရမယ့်စာရင်းပါ... တချက်စစ်
ကြည့်ပြီး မှန်ရင် လက်မှတ်ထိုးပေးပါအုံးနော်"

ဇာနည် ပြောရင်း ကမ်းပေးလာတဲ့ ဖိုင်တွဲ ကို
ဂုဏ် လှမ်းယူပြီး ဖွင့်ကြည့်လိုက်ပါ
တယ်။ ပြီးနောက် စားပွဲပေါ်ရှိ ဘောပင်ခွက်ထဲ
က ဘောပင်တစ်ချောင်း ဂုဏ် ယူပြီး
လက်မှတ်ထိုးပေးခဲ့တယ်။

"ညီချေ ​သေချာရော စစ်ကြည့်ပြီးပါရဲ့လား"

"အစ်ကိုမွေ့ စစ်ပြီးသားမလား ...
ဒါဆို စိတ်ချရပါတယ်... "

"အဲလိုလည်း မဟုတ်သေးပါဘူး"

"ကျွန်တော် အစ်ကိုမွေ့ ကို ယုံကြည်တယ်
ပြီးတော့ ဝန်ထမ်းလစာတွေက
ကိုထွန်းဆွေ ထုတ်ပေးဖို့ တာဝန်ပေးထား
တာ...ကျွန်တော် နဲ့ စကားပြော
ထားပြီးပါပြီ...အခု ဒီဖိုင် ကို လူတစ်ယော
က်လွှတ်ပြီး ပေးခိုင်းပေးနော်"

"ရပါတယ် ... ၁၁ နာရီလည်း
ကျော်နေပြီဆိုတော့ ညီချေလည်း
နေ့လည်စာစားတော့မှာမလား"

"ဟုတ်ကဲ့ ... စားကြမယ်လေ"

"ဒါဆို ညီချေ အတွက် နေ့လည်စာကို
အောက်ဆင်းပြင်ရင်းနဲ့ အစ်ကို
ပဲ တစ်ခါတည်း ပေးခဲ့လိုက်ပါမယ်"

"အစ်ကိုမွေ့ ... "

ဇာနည် ဖိုင်တွဲပြန်ယူပြီး ပြန်လှည့်ထွက်ဖို့အလုပ်
ဂုဏ်နတ်ရှိန် က နောက်မှ လက်လှမ်းဆွဲ
တားလိုက်တယ်။

"ခဏနေပါဦး ... ကျွန်တော် အရေးကြီး
ကိစ္စပြောစရာရှိလို့ ဒီမှာ ထိုင်ဦး"

ဂုဏ် ပြောရင်း သူ့ပေါင်ပေါ် ဇာနည် ကို
ဆွဲခေါ်ပြီး ထိုင်ခိုင်းလိုက်ပါတယ်။

"ဟာ... ညီချေ ဘာလုပ်တာပါလဲ
သူများတွေ မြင်သွားရင်မကောင်းပါဘူး"

"ဒီအခန်းထဲ ကျွန်တော် နဲ့ အစ်ကိုမွေ့
နှစ်ယောက်ပဲ ရှိတာလေ
ဘယ်သူကမြင်မှာတုန်း အစ်ကိုမွေ့ ရဲ့
ပြီးတော့ ဘယ်သူမှ တံခါး
မခေါက်ဘဲ ဒီအခန်းထဲဝင်မလာရဲဘူး"

ကျွန်တော်ချစ်သော အစ်ကို "မွေ့" (Complete)Where stories live. Discover now