(Ep-14)

5.2K 340 5
                                    

သုံးလပိုင်းနောက်ဆုံး အပတ် ၊ စျေးနေ့မှာ
ဂုဏ် က စျေးလိုက်ချင်တယ်ပြောပြီး ဇာနည်
တို့ နဲ့ အတူ စျေးလိုက်လာခဲ့တယ်။ အရင်
ကထက်စာရင် ဂုဏ် က စကား နားထောင်သ
လို စာလည်းသေချာ ကြိုးစားလာတယ်။
ဒါကြောင့် ဇာနည် နဲ့ ဂုဏ် ရဲ့ ဆက်ဆံရေးက
ပိုအဆင်ပြေလာခဲ့ပြီး စျေးကို ဆိုင်ကယ်
နဲ့ထွက်လာခဲ့ကြတယ်။ ထွန်းလတ် နဲ့ ညိုဇော်
ကတော့ စက်ဘီးတစ်စီးနဲ့ အနောက်က
နေ ရှေ့ဆင့်နောက်ဆင့် လိုက်လာခဲ့ပါတယ်။

အဲဒီလိုနဲ့စျေးရောက်တော့ ခွဲတမ်းချပြီး ဇာနည်
က ထွန်းလတ် နဲ့ ဂုဏ် ကို အသီးအရွက်
အတန်းဘက် လွှတ်တယ်။ ဒါပေမယ့် ဂုဏ် က
ဇာနည် အနောက်ပဲလိုက်ချင်တယ်ဆိုပြီး
အတင်းပြောလာတော့ ထွန်းလတ် နဲ့ ညိုဇော်
ကိုသာ တစ်တွဲ လွှတ်လိုက်ရတယ်။ ပြီး
နောက် ဇာနည် လည်း ဂုဏ် ကို ခေါ်ပြီး သား
စိမ်း၊ငါးစိမ်းတွေရှိတဲ့ဘက် ထွက်လာခဲ့
တယ်။

ဂုဏ် တစ်ယောက် အသားစိမ်း ၊ ငါးစိမ်း
တန်းရောက်တော့ ညှီတဲ့အနံ ကို လုံးဝ
မခံနိုင်ပါ။ ဒါပေမယ့် သူ့သဘောနဲ့ သူလို
က်လာတာမို့ ပျို့ချင်နေတဲ့စိတ်ာကို ဇာ
နည်မသိအောင် ဂုဏ် ထိန်းထားရတယ်။

"မင်း အဆင်ပြေရဲ့လား"

ဇာနည် က ကြက်သားတန်းမှာ ဂုဏ် အကြိုက်
ကြက်အသဲမြစ်ဝင်ဝယ်ရင်း လှည့်မေးလာ
ပါတယ်။ ဇာနည် မေးတော့ ဂုဏ် က ပြုံးဖြီးဖြီး
မျက်နှာထားနဲ့ ဘာမှမဖြစ်သလို သူအဆင်
ပြေကြောင်း ပြန်ဖြေခဲ့တယ်။ ဂုဏ် ဟန်ဆောင်
နေတာ ဇာနည်သိပေမယ့် မသိချင်ယောင်
ဆောင်နေလိုက်တယ်။ ပြီးနောက် ခဏအကြာ
တခြားဟင်းချက်စရာတွေပတ်ဝယ်ပြီး ဇာ
နည်တို့ ဆိုင်ကယ်အနားကို ပြန်လာခဲ့ကြတယ်။

ဂုဏ် တို့ ဆိုင်ကယ် ဆီ ပြန်ရောက်တော့ ညိုဇော်
နဲ့ ထွန်းလတ် တို့ မရောက်သေးပါ။
ဒါကြောင့် ဂုဏ် ကို ပစ္စည်းတွေနဲ့အတူ ဆိုင်ကယ်
နားခဏထားခဲ့ပြီး ဇာနည် ပြန်ထွက်
သွားခဲ့တယ်။ ဇာနည် ထွက်သွားတော့ ဂုဏ် လည်း ပစ္စည်းတွေစောင့်ကူရင်း ဘောင်းဘီ
အိတ်ကပ်ထဲက ဖုန်းကိုအ​ပြင်ဆွဲထုတ်လိုက်တယ်။
ပြီးနောက် လိုင်းဖွင့်ကြည့်လိုက်တဲ့အခါ
ထန်တို့နဲ့ Gp ဖွဲ့ထားတဲ့ GpChat က မီးစိမ်းနေလို့ ဂုဏ် က Vedio_Call ခေါ်လိုက်တယ်။

ကျွန်တော်ချစ်သော အစ်ကို "မွေ့" (Complete)Where stories live. Discover now