(Ep-15)

5.4K 327 1
                                    

ည ၁နာရီအချိန် ၊ ဇာနည် တရေးနိုး အပေါ့
သွားချင်လို့ ဂေဟာအောက်က အိမ်သာထဲကို
ရောက်နေတယ်။ ခဏအကြာ ဇာနည်ကိစ္စ
ရှင်းပြီးသွားလို့ မီးအိမ်ကိုင်ပြီး အပြင် ကို ပြန်
ထွက်လာခဲ့တယ်။ ပြီးနောက် လက်ဆေးဖို့
ရေကန်ဘက်ကို ဇာနည် လမ်းလျှောက်သွားခဲ့
တယ်။ အဲအချိန်မှာ နောက်က ဆောက်လ
က်စတိုက်ရဲ့အပေါ်ဆုံထပ်မှာ မီးအိမ်ကိုင်ပြီး
ရပ်နေတဲ့ ဂုဏ် ကို ဇာနည် အမှတ်မထင်
လှမ်းတွေ့လိုက်ရတယ်။

ညဘက် ဂေဟာမှာမီးမပေးတော့ ဂုဏ် လက်
ထဲက မီးအိမ် ရဲ့ အလင်းရောင်က
ထင်းနေတယ်။ ဒါအပြင် အပေါ်ဆုံးထပ် ခေါင်
မိုးမရှိသေးတော့ ဂုဏ် ရပ်နေတာကို
ဇာနည် ကောင်းကောင်းကြီး လှမ်းမြင်ရတယ်။
အဲတာနဲ့ ဇာနည်လဲ ဂုဏ် ရှိတဲ့ တိုက်
အပေါ်ဆုံးထပ်ကို အမြန် ပြေးတက်သွားခဲ့ပါ
တယ်။

"မေမေ... မေမေ... မေမေ
ဘယ်ရောက်သွားတာလဲ
သား တို့ အခုမှ ခဏလေး
တွေ့ပြီး စကားပြောရတာ"

ဇာနည် အပေါ်ရောက်သွားတော့ ဂုဏ် က
တစ်ယောက်ထဲစကားတွေ ပြောနေတယ်။
အစက ဇာနည် လည်း ငြိမ်ပြီး ကြောင်ကြည့်
နေခဲ့တယ်။ ဒါပေမယ့် ဂုဏ် က ရှေ့ကို ဖြေး
ဖြေးချင်းလျှောက်သွားတာ တိုက်အစွန်းနား
ရောက်နေပြီ။ ဒါကြောင့် ဇာနည် လည်း လန့်
ပြီး ဂုဏ် အနားကိုအမြန်ပြေးသွားလိုက်တယ်။

"ဂုဏ်နတ်ရှိန်"

ဇာနည် က စိုးရိမ်စိတ်နဲ့ပြေးပြီး လှမ်းဆွဲလိုက်
ပေမယ့် ဂုဏ် ခန္ဓာကိုယ်က ပိုကြီးတော့
၂ယောက်လုံးနောက်ပြန်လန်ကြသွားခဲ့တယ်။

"အား... "

"..."

"ဟင် ... အစ်ကိုမွေ့"

"မင်း သေချင်လို့လား ဂုဏ်နတ်ရှိန်"

"ဗျာ... "

"ဒီအချိန်ကြီး မင်း ဒီမှာ
ဘာရပ်လုပ်နေတာပါလဲ"

"မေမေ နဲ့ စကားပြောနေတာပါ"

ဇာနည် သိလောက် ဂုဏ် မေမေ ဒေါ်မြတ်မွန်
ဆုံးသွားတာ ကြာလှပြီ။ ထိုကြောင့် ဂုဏ်
အဖြေကြားသောအခါဇာနည် ကြောင်သွား၏။

"မေမေ ဆိုတာ အန်တီမြတ်မွန်ကို
ပြောတာပါလား"

"အင်းလေ ... ကျွန်တော်မှာ
​ဒီအမေ တစ်ယောက်ပဲရှိတဲ့ဟာကို"

ကျွန်တော်ချစ်သော အစ်ကို "မွေ့" (Complete)Where stories live. Discover now