ကျွန်တော်ချစ်သောမွေ့(S2-3)

3.1K 191 6
                                    

ဒီနေ့ည Flight နဲ့ ဦးနတ်ဂုဏ်ရှင် တို့
Us ကို ရောက်လာကြမှာဖြစ်တယ်။ဒါကြောင့်
သူငယ်ချင်း ဖြစ်တဲ့ ထန်နဲ့အတူ ဂုဏ်
လေဆိပ်ကို အစောကြီးကြိုရောက်နေပါပြီ။

"Hay Shane ... "

"..."

"ဟိုဘက် လျှောက်လိုက်၊
ဒီဘက်လျှောက်လိုက်နဲ့
မင်း ... ဘာဖြစ်နေတာလဲ "

ထိုင်ခုံမှာထိုင်စောင့်မနေဘဲ အရှေ့မှာ
ခေါက်တုန့်ခေါက်ပြန် ဖြတ်လျှောက်နေတဲ့
ဂုဏ် ကို ကြည့်ပြီး ထန် မေးလိုက်တာပါ။

"ဘာဖြစ်ရမှာလဲ ... Daddy တို့
အဆင်ပြေရဲ့လား လို့ စိတ်ပူနေတာ"

"စိတ်မပူပါနဲ့ကွာ...
ဦးလေး က ခရီးထွက်နေကျပဲ
အားလုံးအဆင်ပြေမှာပါ"

ယစ်မူးထန် ပြောတာ မှန်ပါတယ်။
ဦးနတ်ဂုဏ်ရှင် အလုပ်ကိစ္စနဲ့ ပြည်ပကို
သွားနေကျမို့ လေယာဥ် စီးနေကျ
ပါ။ ဒါပေမယ့် မွေ့ဇာနည် က ဒီတစ်ကြိမ်
နဲ့မှ လေယာဥ်သုံးကြိမ်မြောက် စီး
ဖူးတာ။ ပြီးနောက် ဂုဏ် တို့ဆီ ရောက်ဖို့
က လေယာဥ် နှစ်ဆင့်စီးလာရတဲ့
ခရီးဖြစ်တယ်။ ဒါကြောင့် အမြင့်ကြောက်
တက်တဲ့ ဇာနည် ကို အဆင်ပြေပါ
မလား ဂုဏ် တွေးပြီး စိတ်ပူနေတာပါ။

"လာပါကွာ ... အထဲမှာ information
ကောင်တာတွေ ဖြတ်ရတာနဲ့
ကြာဦးမှာ ... ဒီမှာပဲ လာထိုင်စောင့်နေပါ"

ထန် က ပြောတော့ ဂုဏ် လည်း ခေါင်းကုတ်ပြီး
ထိုင်ခုံမှာ ဝင်ထိုင်ဖို့ပြင်လိုက်တယ်။
အဲဒီအချိန်မှာပဲ ထန် က ထိုင်ရာကနေ ထရပ်လို
က်တယ်။

"ဟော... ဟိုမှာ ထွက်လာကြပြီ"

"ဟုတ်လား... "

ဂုဏ် တစ်ယောက် ထိုင်ခုံနဲ့ တင်ပါး
မထိမရသေးဘူး။ ထွက်လာပြီလည်း ဆိုရော
မတ်တပ်ပြန်ရပ်လိုက်ရတယ်။

"ဘယ်မှာလဲ... "

"ဟိုမှာလေ... "

ထန် လက်ညိုးထိုးပြတဲ့နေရာကို ဂုဏ်
လှမ်းကြည့်လိုက်တော့ ဦးနတ်ဂုဏ်ရှင် ကို
အရင်တွေ့တယ်။ ပြီးနောက် အနောက်
ကနေ အဝတ်ထုတ်တွေ တင်တွန်းလာတဲ့
မွေ့ဇာနည် ကို ဂုဏ် တွေ့လိုက်ရတယ်။

ဇာနည် က အောက်ခံ T-Shirt အဖြူနဲ့
လည်သာကုတ် အညိုရောင်လေးကို ထပ်
ဝတ်ထားတယ်။ ဂုဏ် တစ်ယောက် ဇာန
ည်တို့ လာတာလဲတွေ့ရော ခြေလှမ်းခပ်
ကျဲကျဲနဲ့ ရှေ့လျှောက်သွားလိုက်တယ်။
ဦးနတ်ဂုဏ်ရှင် လဲ သားဖြစ်သူ သူတို့ဆီ
လှမ်းလာတာမြင်တော့ လက်နှစ်ဖက်
ကားပြီး စီးကြိုတာပေါ့။ဒါပေမယ့် ဂုဏ်
က သတိမထားမိဘဲ ကျော်သွားပြီး
အနောက်မှာ ရပ်နေတဲ့ ဇာနည် ကို အရင်
ပြေးဖက်တယ်။

ကျွန်တော်ချစ်သော အစ်ကို "မွေ့" (Complete)Tempat cerita menjadi hidup. Temukan sekarang